၂၀၂၁ ခုနှစ် မေလတွင်ဖွဲ့စည်းခဲ့သော ချင်းရေးရာအဖွဲ့သည် အမေရိကန်ပြည်ထောင်စု၌ ပြည်တွင်းဝင်ငွေခွန် ဥပဒေ ပုဒ်မ ၅၀၁ (ဂ)(၃) နှင့်အညီ မှတ်ပုံတင်ထားသည့် အကျိုးအမြတ်မယူသောလူမှုအဖွဲ့အစည်းဖြစ်ပါသည်။ ၎င်းကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဥရောပနှင့် အာရှရှိ ဒါရိုက်တာဘုတ်အဖွဲ့နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။
ချင်းရေးရာအဖွဲ့သည် ပညာရေးဆိုင်ရာဝန်ဆောင်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ နှင့် သုတေသနဆိုင်ရာ လုပ်ငန်းစဥ်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန် အလို့ငှာ ရည်ရွယ်၍ဖွဲ့စည်းထားသော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ပါသည်။
ချင်းရေးရာအဖွဲ့သည် ၎င်း၏ ရည်မှန်းချက်၊ ပန်းတိုင် များနှင့် ကိုက်ညီသည့် အခြားသော လူမှုရေး သို့မဟုတ် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ချင်းရေးရာအဖွဲ့သည် ပညာရေးဆိုင်ရာဝန်ဆောင်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ နှင့် သုတေသနဆိုင်ရာ လုပ်ငန်းစဥ်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန်အလို့ငှာ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
အထူးသဖြင့်၊ ၎င်း၏တာဝန်များကို အောက်ဖော်ပြပါအချက်များဖြင့် အခြေခံထားပါသည်။
ပညာရေးဖြင့် အသိပညာဗဟုသုတ တိုးပွားစေပြီး၊ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်းရှိသော၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို လက်ကိုင်ထားတတ်သည့် ချင်းအသိုက်အဝန်း တည်ဆောက်ရေးကို ရည်ရွယ်ပါသည်။
The Institute of Chin Affairs (ICA) is a non-profit, charitable organization registered under Internal Revenue Code Section 501 (c) (3). Donations are tax deductible in the United States.