၂၀၂၁ ခုနှစ် မေလတွင်ဖွဲ့စည်းခဲ့သော ချင်းရေးရာအဖွဲ့သည် အမေရိကန်ပြည်ထောင်စု၌ ပြည်တွင်းဝင်ငွေခွန် ဥပဒေ ပုဒ်မ ၅၀၁ (ဂ)(၃) နှင့်အညီ မှတ်ပုံတင်ထားသည့် အကျိုးအမြတ်မယူသောလူမှုအဖွဲ့အစည်းဖြစ်ပါသည်။ ၎င်းကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဥရောပနှင့် အာရှရှိ ဒါရိုက်တာဘုတ်အဖွဲ့နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။
ချင်းရေးရာအဖွဲ့သည် ပညာရေးဆိုင်ရာဝန်ဆောင်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ နှင့် သုတေသနဆိုင်ရာ လုပ်ငန်းစဥ်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန် အလို့ငှာ ရည်ရွယ်၍ဖွဲ့စည်းထားသော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ပါသည်။
ချင်းရေးရာအဖွဲ့သည် ၎င်း၏ ရည်မှန်းချက်၊ ပန်းတိုင် များနှင့် ကိုက်ညီသည့် အခြားသော လူမှုရေး သို့မဟုတ် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ချင်းရေးရာအဖွဲ့သည် ပညာရေးဆိုင်ရာဝန်ဆောင်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ နှင့် သုတေသနဆိုင်ရာ လုပ်ငန်းစဥ်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန်အလို့ငှာ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
အထူးသဖြင့်၊ ၎င်း၏တာဝန်များကို အောက်ဖော်ပြပါအချက်များဖြင့် အခြေခံထားပါသည်။
● ချင်းလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော သင်ကြားသင်ယူမှု ရပ်ဝန်းများကို ဖန်တီးရန်
● အခက်အခဲကာလအတွင်း ချင်းလူမျိုးများအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့မှုများပေးအပ်ရန်
● ချင်းလူမျိုးများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများနှင့် အခွင့်အလမ်းများကို သိရှိနားလည်နိုင်ရန် နှင့် ၎င်းတို့၏လူ့အခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက် သုတေသန ပြုလုပ်ရန်။
● ချင်းအသိုက်အဝန်း အားကောင်းလာစေရေး၊ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးနှင့် ပိုမိုဖွံ့ဖြိုးပြီး တရားမျှတ၍ ကရုဏာရှိပြီး၊ တန်းတူညီမျှမှုရှိသော လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ရေးအတွက် ပါ၀င်ကြိုးပမ်းရန်။
ပညာရေးဖြင့် အသိပညာဗဟုသုတ တိုးပွားစေပြီး၊ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်းရှိသော၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို လက်ကိုင်ထားတတ်သည့် ချင်းအသိုက်အဝန်း တည်ဆောက်ရေးကို ရည်ရွယ်ပါသည်။
The Institute of Chin Affairs (ICA) is a non-profit, charitable organization registered under Internal Revenue Code Section 501 (c) (3). Donations are tax deductible in the United States.
November 15, 2024, Comment off
October 28, 2024, Comment off
October 27, 2024, Comment off
October 16, 2024, Comment off
October 14, 2024, Comment off
October 8, 2024, Comment off