ချင်းရေးရာအဖွဲ့
ချင်းရေးရာအဖွဲ့ (Institute of Chin Affairs Inc.) သည် ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်းအားဖြင့်၊ ချင်းလူမျိုးများ၏လူနေမှုအဆင့်အတန်းများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဥရောပ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့မှ ချင်းလူမျိုးစုဝင်များ က ၂၀၂၁ခုနှစ် မေလတွင် တည်ထောင်ခဲ့ပြီး၊ ICA သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် အခက်အခဲကြုံတွေ့နေသူများ၏ လိုအပ်ချက်များကို ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိတွင် ICA သည် သုတေသနလုပ်ငန်းများအပြင်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးအစီအစဉ်များကို လုပ်ဆောင်နေပါသည်။