November 16, 2021, Comment off

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် ဖလမ်းမြို့နယ် Thlanrawn ရွာ

နိဒါန်း

ထလန်ရောန် (Thlanrawn) ရွာသည် ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းမဘေးတွင် တည်ရှိပါသည်။ ရွာသစ်တွင် အိမ်ခြေ (၂၉)၊ ရွာဟောင်းတွင် အိမ်ခြေ (၇၁) ခန့် နှင့် လူဦးရေ စုစုပေါင်း (၅၀၀) နီးပါးခန့် ရှိပါသည်။ ဇူလိုင်လမှစ၍ စစ်ကောင်စီတပ်များ၏ ကျူးကျော်မှု ကြောင့် (၃) ကြိမ်တိုင်တိုင် နီးစပ်ရာရွာများသို့လည်းကောင်း၊ ဖလမ်းမြို့ပေါ်သို့လည်းကောင်း ရွာလုံးကျွတ် စစ်ရှောင်ထွက်ပြေးရပါသည်။ စစ်ကောင်စီတပ်သည် “အနော်ရထာစစ်ဆင်ရေး” အမည်ဖြင့် ချင်းပြည်နယ်သို့ အင်အားအလုံးအရင်းဖြင့် တိုးချဲ့စစ်ဆင်လာရာ ၎င်းတို့ စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျေးရွာများအတွင်းကျူးကျော်ဝင်ရောက်ခြင်း၊ နေအိမ်များအတွင်း ဖောက်ထွင်းခိုးယူခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျှက်ရှိပါသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်ကျူးကျော်မှု

ဇူလိုင် ၁ ရက်နေ့မှစတင်ကာ ဖလမ်းမြို့နယ်အတွင်း (ဖလမ်း-ဟားခါးလမ်းမပေါ်) တွင် စစ် ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် CNDF နှင့် မဟာမိတ်တပ်ဖွဲ့များမှ ပြန်လည်ခုခံရာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

ဇူလိုင် (၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်သည် ထလန်ရော်န်ရွာသစ်သို့ ရောက်ရှိလာပြီး (၁) ညတာ စခန်းချ တပ်စွဲထား ပါသည်။ ၎င်းတို့ စခန်းချတပ်စွဲထားစဉ်အတွင်းတွင် နေအိမ်များမှ အဝတ်အစား၊ အနွေးထည် များ၊ ဆန်၊ ဝက်၊ ကြက်တို့ကို ခိုးယူသယ်ဆောင်ခဲ့ကြသည်။ စစ်ကောင်စီတပ်၏ ရွာအတွင်း စခန်းချတပ်စွဲထားမှု၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုတို့ကြောင့် ရွာလုံးကျွတ် အိုးအိမ်စွန့်ကာ တောထဲ၊ တောင်ထဲတွင် စစ်ရှောင်ထွက်ပြေးကြရသည်။ စစ်ကောင်စီတပ်များ ထွက်ခွာပြီးမှသာ ရွာအတွင်း ပြန်လည် ဝင်ရောက်နေထိုင်ခဲ့ရသည်။

ဩဂုတ် (၁) ရက်နေ့မှ (၁၅) ရက်အထိ ဖလမ်းမြို့နယ်အတွင်း (ဖလမ်း-ဟားခါးလမ်းမပေါ်) တွင် စစ်ကောင်စီတပ်မှ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လာရာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ဖလမ်း-ဟားခါးလမ်းမဘေးရှိ ထလန်ရော်န်မှ ပြည်သူများ ရွာလုံးကျွတ်နီးပါး ထပ်မံ ထွက်ပြေးရပြန်သည်။

အောက်တိုဘာလတွင် စစ်ကောင်စီတပ်မှ “အနော်ရထာစစ်ဆင်ရေး” ဖြင့် ချင်းပြည်နယ်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်လာခဲ့ရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် ၎င်းတို့ ချီတက်လာသည့် လမ်းတလျှောက်ရှိ ကျေးရွာများအတွင်း စခန်းချခြင်း၊ နေအိမ်များအား ဖောက်ထွင်းခိုးယူခြင်း၊ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းတို့ကို စစ်ရေးရည်ရွယ်ချက်ဖြင့် စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်။

ဖလမ်း-ဟားခါးဘက်သို့ ချီတက်လာသည့်  စစ်ကောင်စီတပ်သည် အောက်တိုဘာ (၁၄) ရက်နေ့တွင် ထလန်ရောန် ရွာသစ်သို့ ဝင်ရောက်ကျူးကျော်ပြီး နေအိမ်များအား မီးရှို့ ဖျက်ဆီး ခဲ့ကြသည်။ သင်းအုပ်ဆရာအိမ်အပါအဝင် နေအိမ် (၁၄) လုံးခန့် မီးလောင်ပြာကျခဲ့ရသည်။  နေအိမ်များအတွင်း ဖောက်ထွင်းခြင်းခိုးယူကြသည်သာမက အိမ်မွေးတိရစ္ဆာန်များအားလည်း ခိုးယူသတ်ဖြတ်ခဲ့ကြသည်။ နေအိမ် (၁၀) လုံးခန့်သည် စစ်ကောင်စီတပ်၏ ဖောက်ထွင်း ဖျက်ဆီးမှုကြောင့် လူနေထိုင်၍ မရတော့သည်အထိ ပျက်ဆီးခဲ့ရသည်။

အောက်တိုဘာ (၂၅) ရက်နေ့တွင် ဟားခါးမှ ဖလမ်းဘက်သို့ ပြန်လှည့်လာသည့် စစ်ကောင်စီ ယာဥ်တန်းသည် ထလန်ရောန်ရွာသစ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး လူနေအိမ် (၃) လုံးအား ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သည်။ ဘုရားကျောင်း (Thlanrawn Baptist Church) ရှိ ထိုင်ခုံများ၊ ဓမ္မ သီချင်းများကိုလည်း ဖျက်ဆီးခဲ့ကြသည်။ နေအိမ်မီးရှို့ဖျက်ဆီးခံသည့် ဆုံးရှုံးမှုနှင့် ဖောက်ထွင်း ခိုးယူမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ကျပ်သိန်းပေါင်း (၁၅၈၉) ကျော်ထိ ရှိပါသည်။

ထလန်ရောန် နေအိမ်များ မီးလောင်စဉ်
ဘုရားကျောင်း ဖျက်ဆီးခံရမှု

ဇူလိုင်နှင့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်၏ ဖောက်ထွင်းခိုးယူမှုစာရင်း

Sr. No အမျိုးအမည် အရေအတွက် တန်ဖိုး စုစုပေါင်းတန်ဖိုး
1 TV 4 1,150,000
2 Outset (TV-skynet) 3 85,000
3 ဆန်အိတ် 17 50,000 850,000
4 Blanket 47 20,000 940,000
5 အိပ်ရာခင်း/စောင် 22 10,000 220,000
6 ကြက် 165 10,000 1,650,000
7 ကွန်ပျူတာ 1 350,000 350,000
8 Camera 1 250,000 250,000
9 ဆီ 21 5,000 105,000
10 အဝတ်အစားများ 31 346,000
11 စျေးဆိုင် 5,400,400
12 Small sound box 3 87,000
13 ဝက် 1 200,000 200,000
14 ဆိုင်ကယ်ပြင်ခ 1 200,000 200,000
15 ဖိနပ်/အခြား 11 170,000
16 လက်သမားပစ္စည်း 19 15,000 285,000
17 ဒီဇယ် 6 30,000 180,000
18 ဖုန်း 1 150,000 150,000
19 ဘီရို 3 450,000
20 အိုးခွက်ပန်းကန်

(ကြွေပန်းကန်ဒါဇင်)

3 66,000
21 နွား 3 950,000
22 ထမင်းပေါင်းအိုး 10 30,000 300,000
23 Suitcase 1 50,000 50,000
24 Ensure 1 50,000 50,000
25 ဟင်းချက်အိုးကြီး 7 15,000 105,000
26 သွေးတိုင်းကိရိယာ 1 50,000 50,000
27 ယက္ကန်းစင်-အထည် 3 120,00 360,000
28 ယက္ကန်းစင်-ပစ္စည်း 6 20,000 120,000
29 ပိုက်ဆံ 1,321,000
30 ခေါင်းအုံး 6 6,000 36,000
31 ဖျာလိပ် 10 10,000 100,000
32 မျက်မှန် 1 100,000 100,000
33 အဝတ်အစား/ဘောင်းဘီ 15 235,000
Total in MMK 16,911,000

 အောက်တိုဘာလအတွင်း နေအိမ်မီးလောင်ဖျက်ဆီးခံရမှု ဆုံးရှုံးမှုတန်ဖိုး

No Head of Household Name MMK Remark
1 Pa Van Thawm Lian 10,771,000 14 Oct 2021
2 Nu Sui Nei Iang 8,455,000 14 Oct 2021
3 Pa Than Sum 5,478,000 14 Oct 2021
4 Pa Hram Ngerh 14,470,000 14 Oct 2021
5 Pastor Biak Thluai (Quarter) 13,066,000 14 Oct 2021
6 Pastor Biak Thluai 2,036,500 14 Oct 2021
7 Pa Nawl Kip Thang 7,018,000 14 Oct 2021
8 Pa Mawng Uk Thang 8,205,000 14 Oct 2021
9 Pa Mang Or 7,825,000 14 Oct 2021
10 Nu Phun Thim 5,615,000 14 Oct 2021
11 Pa Van Thawng Uk 5,345,000 14 Oct 2021
12 Nu Hrang Kip Hliang 11,115,000 14 Oct 2021
13 Pa San Mang 21,990,000 14 Oct 2021
14 Pa Bawi Lian Nawl 9,716,000 14 Oct 2021
15 Pa Dawt Hlei Cung 9,176,000 25 Oct 2021
16 Pa Biak San Ceu 4,715,000 25 Oct 2021
17 Pa Tawk Nei Zul 5,025,000 25 Oct 2021
 TOTAL 150,021,500

အောက်တိုဘာလအတွင်း (သို့မဟုတ်) သုံးကြိမ်မြောက် စစ်ကောင်စီတပ်၏ ဖောက်ထွင်းခိုးယူမှုစာရင်း

Sr. No အမျိုးအမည် အရေအတွက် တန်ဖိုး စုစုပေါင်းတန်ဖိုး
1 ထိုင်ခုံရှည် 3 250,000 750,000
2 စားပွဲ 4 100,000 400,000
3 ဘီရို 1 400,000 400,000
4 Sitting Sofa Set 2 500,000 1,000,000
5 ထမင်းပေါင်းအိုး 12 40,000 480,000
6 ဆန် 3 50,000 150,000
7 ဟင်းချက်အိုးကြီး 450,000
8 စောင် 250,000
9 ဖျာ 123,000
10 ဓါး/ပေါက်ပြားစသည့် တောင်သူ ပစ္စည်း ကိရိယာများ 315,000
11 အဝတ်အစားများ 150,000
12 TV & out-set 4 250,000 1,000,000
13 Battery အိုး 2 150,000 300,000
14 ဆိုင်ကယ်ဦးထုတ် 4 10,000 40,000
15 ကြက်သွန်ဖြူ ပိဿာ 80 2,000 160,000
16 မီးမှုတ်စက် 2 25,000 50,000
17 နွား 2 600,000 1,200,000
18 ရေခဲသေတ္တာ 1 500,000 500,000
19 အယ်အိုး 4 15,000 60,000
20 ချင်းရိုးရာဝတ်စုံ 300,000
21 ဆိုင်ခန်းဘီရို 400,000
22 ဂစ်တာ 1 150,000 150,000
23 ကျန်းမာရေးပစ္စည်းများ/ဆေးဝါး 300,000
Total in MMK 8,928,000

လတ်တလောအခြေအနေနှင့် လိုအပ်ချက်များ

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ရွာလုံးကျွတ်နီးပါး နီးစပ်ရာကျေးရွာများသို့ လည်းကောင်း၊ ဖလမ်းမြို့သို့လည်းကောင်း စစ်ရှောင်ထွက်ပြေးကြရသည်။

ယခုအခါတွင် ထလန်ရောန်ရွာသစ်တွင် နေထိုင်သူ မရှိဘဲ ရွာဟောင်းသို့ စွန့်ခွာကြရသည်။ ရွာဟောင်းရှိ စာသင်ကျောင်းများနှင့် ကျေးရွာဝန်ထမ်းအိမ်ယာများတွင် ယာယီနေထိုင်ကြ ရသည်။ ဖလမ်းမြို့သို့ စစ်ရှောင်ထွက်ပြေးသည့် မိသားစုအချို့လည်း နေရပ်ပြန်လည် ရောက်ရှိလာရာ ရွာဟောင်းရှိ ယာယီစခန်းတွင်ပင် နေထိုင်ကြရသည်။ စစ်ရှောင်ရွာသူ/သား တစ်ချို့တွင် Covid-19 ရောဂါ ကူးစက်ခံရလျှက်ရှိသည်။

နေအိမ်မီးရှို့ခံရသည့် ရွာသူ/သားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် စစ်ရှောင် ပြည်သူများအတွက် စားဝတ်နေရေး၊ ဆေးဝါးများ လိုအပ်လျှက်ရှိပါသည်။

စစ်ကောင်စီတပ်၏ ဖြတ်လေးဖြတ်မူကြောင့် အခြေခံစားသောက်ကုန်များ ပို့ဆောင်ရာတွင်ပင် ခက်ခဲလျှက်ရှိရာ ရေရှည်တွင် ရိက္ခာပြတ်တောက်လာနိုင်သည့် အခြေအနေလည်း ကြုံတွေ့ နေရပါသည်။

နိဂုံး

စစ်ကောင်စီတပ်၏ ကျူးကျော်မှုကြောင့် ထလန်ရောန်ရွာသူ/သားများသည် (၃) ကြိမ်တိုင် အောင် ကျေးရွာမှ စွန့်ခွာထွက်ပြေးလာရသည်။ နေအိမ်များအား ဖောက်ထွင်းခိုးယူခြင်း၊ နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခြင်းတို့သည် စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများအပေါ် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လိုက် သည့် ပြစ်မှုဖြစ်ပေသည်။

စစ်ကောင်စီတပ်၏ လုပ်ဆောင်ချက်တို့သည် ပြည်တွင်းရှိ ရာဇသတ်ကြီးဥပဒေပါ ပြဌာန်းချက် တို့ကို ကျူးလွန်သည်သာမက အရပ်သားပြည်သူများအား မိမိနေထိုင်ရာအရပ်မှ အတင်းအကျပ် စွန့်ခွာစေရန် လုပ်ဆောင်ခြင်း၊ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှု (Crimes against humanity) များ ကျူးလွန်ကြောင်း ထင်ရှားနေပေသည်။