November 20, 2021, Comment off

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည့် ရီလ်သီး (Rialti) ကျေးရွာ

နိဒါန်း

ရီလ်သီး (Rialti) ကျေးရွာသည် ဖလမ်းမြို့၏ စည်ပင်ဧရိယာအတွင်း တည်ရှိပြီး ဖလမ်းမြို့နှင့် (၈) မိုင်ခန့် ကွာဝေးပါသည်။ ဖလမ်း-ဟားခါးလမ်းမကြီး ဘေးတွင်  ရှိပြီး စုစုပေါင်းအိမ်ခြေ  (၁၁) စု နှင့် လူဦးရေ (၇၀) ခန့်သာရှိသည့် ရွာငယ်လေးဖြစ်ပါသည်။  ဖေဖော် ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ် ကောင်စီတပ်များ၏ ချင်းပြည်နယ်အတွင်း အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု၊ ကျေးရွာများအတွင်း အကြမ်းဖက်ဝင်ရောက်ကျုးကျော်မှု၊ နေအိမ်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် မကြာခဏ စစ်ရှောင် ထွက်ပြေးရသည့် ရွာတစ်ရွာလည်း ဖြစ်ပါ သည်။

စစ်ကောင်စီတပ်၏ ကျူးကျော်မှု

 ရီလ်သီး (Rialti) ကျေးရွာသည် ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ ကျေးရွာများအတွင်း ကျူးကျော်စခန်းချလေ့ရှိခြင်း၊ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိခြင်းတို့ကြောင့် မကြာခဏ စစ်ရှောင်ထွက်ပြေးရသည့် ရွာဖြစ်ပါသည်။ စစ်ကောင်စီတပ်များကြောင့် ဩဂုတ်လမှ စ၍ (၃) ကြိမ်ထက်မနည်း မိမိတို့ရပ်ရွာမှ စွန့်ခွာ ထွက်ပြေးရပါသည်။

သြဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်အတွင်း ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းမ ပေါ်တွင် စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုနှင့် အကြမ်းဖက်ကာ ကျေးရွာများအတွင်း ဝင်ရောက်ဖျက်ဆီးမှုတို့ကြောင့် ရီလ်သီး (Rialti) ကျေးရွာမှ ပြည်သူများသည် မိမိကျေးရွာမှ စွန့်ခွာကာ ဖလမ်းမြို့နှင့် နီးစပ်ရာကျေးရွာ၊ တောတောင်ထဲသို့ ထွက်ပြေးခိုလှုံကြရသည်။

အောက်တိုဘာ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ဖလမ်း-ဟားခါးလမ်းမပေါ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များသည် ရီလ်သီးကျေးရွာတွင် စခန်းချ ရပ်နားကြပါသည်။  ရီလ်သီးကျေးရွာအား (၂) ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ကြရာ  ဘာသာရေးအရ အထွဋ်အမြတ် ထားရာ ဘုရားကျောင်းနှင့် ဓမ္မဆရာနေအိမ်အပါအဝင် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ရသည်။ မီးလောင်ပြာကျခဲ့ရသည့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၄၇၁၂) ကျော်ထိ ရှိပါသည်။

မီးရှို့ဖျက်ဆီးမှုမလုပ်ခင် နှင့် မီးရှို့ပြီး ရီလ်သီး (Rialti) ဘုရားကျောင်း
စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုမလုပ်ခင် ရီလ်သီး (Rialti) ကျေးရွာမြင်ကွင်း
စစ်ကောင်စီတပ် မှ မီးရှို့ဖျက်ဆီးနေစဉ်

အောက်တိုဘာ ၁၃-၁၄ ရက်နေ့) ရီလ်သီး (Rialti) ကျေးရွာမီးလောင်ဆုံးရှုံးမှု စာရင်း

Sr No Head of Household Name Estimate Lost Value (MMK) Remark
1 U Khup Hlei Thang  38,260,400.00 House-burned
2 Daw Za Nei Men 101,580,000.00 House with village shop burned
3 U Thang Za Sawn  22,305,000.00 House-burned
4 Daw Emlina & Tin Tun Lin 15,108,000.00 House-burned
5 U San Cin  28,486,100.00 House-burned
6 U Sang Hnin  89,012,000.00 House-burned
7 U Van Hlei Ceu  44,730,000.00 House-burned
8 U Sui Cem  76,481,000.00 House-burned
9 Church & Quarter 55,325,600.00 burned
Total 471,288,100.00  

လတ်တလောအခြေအနေနှင့်လိုအပ်ချက်များ

ယခုအခါတွင် စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်မှုနှင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကြောင့် ရီလ်သီး (Rialti) ကျေးရွာအတွင်း နေထိုင်သူတစ်ဦးမှ မရှိသည့်အပြင် ကျွတ်လုံးကျွတ်မီးလောင်ပြာကျမှုကြောင့် ကျေးရွာနေပြည်သူများမှာ ပြန်လာ စရာ၊ နေထိုင်စရာ အိမ်ပင်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။

ရီလ်သီး (Rialti) ကျေးရွာမှ ပြည်သူအားလုံးသည် ဖလမ်းမြို့ရှိ Lailun IDP camp တွင်သော်လည်းကောင်း၊ ဆွေမျိုးများထံတွင်သော်လည်းကောင်း နေထိုင်လျှက်ရှိပြီး တစ်ချို့ မိသားစုမှာ အခြားကျေးရွာများသို့ ခိုလှုံနေထိုင်လျှက်ရှိပါသည်။ စစ်ရှောင်ထွက်ပြေးနေကြစဉ် အတွင်း တစ်ချို့မှာ Covid-19 ရောဂါကူးစက်ခံစားရပါသည်။

ကျေးရွာပြန်လည်တည်ဆောက်ရန်နှင့် နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာနေ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရေးတကြီး လိုအပ် လျှက်ရှိပါသည်။

ဖလမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများကူညီရာတွင် ဖလမ်းမြို့နယ် စစ်ဘေးရှောင်များကူညီရေးအသင်း Falam Township IDPs Management Team (FTIMT) မှ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးကာ တာဝန်ယူဆောင်ရွက်လျှက် ရှိပါ သည်။ သို့ရာတွင် စစ်ကောင်စီတပ်၏ တင်းကျပ်သည့် မူဝါဒများကြောင့် အခြေခံစားသောက် ကုန်များ ဖြန့်ဝေပို့ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရပါသည်။

နိဂုံး

စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် လူနေအိမ်များ၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဘာသာရေး အထွဋ်အမြတ်ဆိုင်ရာအဆောက်အအုံတို့အား ပစ်ခတ်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးတို့ သည် အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ထင်ရှား နေပါသည်။

စစ်ကောင်စီတပ်၏ ချင်းပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာမှု၊ ဖြတ်လေးဖြတ်မူကြောင့် စားနပ်ရိက္ခာပို့ဆောင်ဖြန့်ဝေရာတွင် တင်းကျပ်ခက်ခဲ လာမှု၊ လူနေအိမ်များအား အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် စစ်ရှောင်ပြည်သူများအား ရေရှည်ထောက်ပံ့ကူညီရန်နိုင်ရန်မှာ စိန်ခေါ်မှုများစွာ ရှိနေပါသည်။ စစ်ရှောင်ပြည်သူများအား အကူအညီပေးနေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးနိုင်ရန်အတွက် နည်းလမ်းရှာဆောင်ရွက်ရန် အရေးတကြီး လိုအပ် လျှက်ရှိပါသည်။