
December 14, 2022, Comment off
မြန်မာနိုင်ငံမှ တရားမဝင် ကွမ်းသီး သယ်ဆောင်လာသည့် ကုန်တင်ကားများ မီဇိုရမ်ပြည်နယ်၊ ဇောလ်နွမ်ကျေးရွာတွင် မီးရှို့
ဒီဇင်ဘာ ၁၀ ရက် အစောပိုင်းတွင် မြန်မာနိုင်ငံမှ တရားမဝင် ကွမ်းသီးသယ်ဆောင်လာသည်ဟု ယူဆရသော အလတ်စား ကုန်တင်ယာဉ် ခြောက်စီးကို စစ်ဆေးရေးဂိတ်များတွင် ရပ်တန့်စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နေ့မနက်တွင် မီးရှို့ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် အိုက်ဇောမြို့မှ Mamit ခရိုင် ဇောလ်နွမ်မြို့သို့ မော်တော် ယာဉ်ခြောက်စီးသည် (SML long chasis-1၊ Bolero ပစ်ကပ်-၃၊ Tata Ace Mini Truck-1၊ Tata Yodha truck-1၊) ရပ်ကွက်လူငယ်များမှ ရပ်တန့်ကာ ၎င်းတို့၏ပစ္စည်းများကို ယာဉ်များနှင့်အတူ မီးရှို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်ခြောက်စီးသည် မီဇိုရမ်ပြည်နယ် မှတ်ပုံတင်အမှတ်- MZ- 01/04/05/08; အိုက်ဇောခရိုင်မှ ၀၁၊ Champhai ခရိုင်မှ ၀၄၊ ကိုလက်ဆစ်ခရိုင်မှ ၀၅၊ မမစ်ခရိုင်မှ ၀၈ တို့ ဖြစ်သည်။
ယင်းမော်တော်ယာဉ် မောင်းနှင်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသသတင်းများတွင် ဖော်ပြထားသည်။ Zawlnuam ရဲတပ်ဖွဲ့က နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
တစ်ချိန်တည်းတွင်ပင်၊ မြန်မာနိုင်ငံမှ တရားမဝင် ဒေသတွင်း ကွမ်းသီးဝင်ရောက်လာမူကို တားဆီးရန် အတတ်နိုင်ဆုံး ဆောင်ရွက်မည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ တာ၀န်ရှိသူများမှ ဆိုသည်။
သမဝါယမအသင်းကလည်း ဒီဇင်ဘာ ၁၄ ရက်မှစတင်၍ ပြည်နယ်အတွင်း တင်းကြပ်စွာ ကြပ်မတ်ထိန်းသိမ်းကာ မြန်မာနိုင်ငံမှ တရားမဝင် တင်ဆောင်လာသည့် ကုန်တင်ကားအားလုံးကို ပိတ်ဆို့ထားရန် ဆုံးဖြတ်ခဲ့သည်။
Sources: Northeast Today