June 20, 2023, Comment off

ချင်းရေးရာအဖွဲ့ချုပ်(ICA)မှ Lailun ဆေးရုံဖွင့်လှစ်

 

၂၀၂၃ခုနှစ်၊ မေလ ၁၂ရက်နေ့တွင် ချင်းပြည်နယ်၊ လွတ်‌မြောက်နယ်မြေတစ်နေရာ၌ ချင်းရေးရာအဖွဲ့ချုပ် (ICA)မှ ဆေးရုံဖွင့်လှစ်ခဲ့သည်။ Lailun ဆေးရုံမှာ ကုတင် ၂၀ဆန့်ဆေးရုံဖြစ်သည်။ ယနေ့  ၂၀ရက်၊ ဇွန်လ၊ ၂၀၂၃ ခုနှစ်အထိ Lailun ဆေးရုံသို့ ဆေးဝါးကုသမှုခံယူသူ ပြည်သူစုစုပေါင်း ၂၀၀ကျော်ရှိခဲ့ပြီဖြစ်သည်။

Lailun Hospital လူနာစမ်းသပ်ခန်း

ချင်းရေးရာအဖွင့်ချုပ်အနေဖြင့် ဖလမ်းမြို့နယ် တစ်နေရာ၌ စေတနာ့ဆေးခန်းဖွင့်လှစ်ထားပြီး စစ်ကောင်စီအာဏာသိမ်းမှုအလွန် ၂နှစ်ကျော်အတွင်း လူနာပေါင်း ၇၀၀၀ကျော် ဆေးဝါးကုသမှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Lailun Hospital OPD

မီဇိုးရမ်းပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက်လည်း Champhai district အတွင်းရှိ Zokhawthar ရွာ၌ Lialun ဆေးခန်းကို ဖွင့်လှစ်ပြီး လစဥ် Mobile Clinic ကို Uilui, Zote စသည့် စစ်‌ရှောင်စခန်းများသို့ ဆေးဝါးကုသမှု ပြုလုပ်ခဲ့ရာ လူနာပေါင်း ၅၀၀၀နီးပါး ကုသခဲ့ပြီးဖြစ်သည်။ Aizawl မြို့နှင့် အနီးတဝိုက်တွင်လည်း Tuirial စစ်ရှောင်စခန်းအပါအဝင် စစ်ရှောင်ပြည်သူများထံသို့ Mobile Clinic သွားရောက်ခဲ့ရာ လူနာပေါင်း ၃၀၀ကျော် ကုသခဲ့ပြီးဖြစ်သည်။

Lailun Mobile Clinic Team

ချင်းရေးရာအဖွဲ့ချုပ်အနေဖြင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအပြင် ပညာရေး၊ သုတေသနနှင့် လူသားချင်းစာနာထောက်ထားမှုများကိုလည်း ပြုလုပ်လျက်ရှိသည်။