ချင်းရေးရာအဖွဲ့မှ ဖွင့်လှစ်ထားသော Ebenezer Community School (Uilui, Champhai District)

August 20, 2024, Comment off

မြန်မာစစ်ဘေးဒုက္ခသည်များအပေါ် ချင်းရေးရာအဖွဲ့၏ လူသားချင်းစာနာထောက်ထားမှု၊ ကျန်းမာရေးနှင့် ပညာရေး လှုပ်ရှားမှုများ

ပုံ – ချင်းရေးရာအဖွဲ့မှ ဖွင့်လှစ်ထားသော Ebenezer Community School (Uilui, Champhai District)
တင်ပြသူ – Loyal Van, Kurbungbel

၂၀၂၁ခုနှစ်တွင် စတင်ခဲ့သော ချင်းရေးရာအဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် India, Mizoram ပြည်နယ်ရှိ မြန်မာဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှု၊ ကျန်းမာရေးနှင့် ပညာရေး အဆက်မပြတ် ကူညီထောက်ပံ့မှု ပြုလုပ်နေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှု

ချင်းရေးရာအဖွဲ့အနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း India၊ Mizoram ပြည်နယ်၊ Champhai ခရိုင်၊ Lunglei ခရိုင်နှင့် Aizawl ခရိုင်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းရှိ ပြည်သူများဆီသို့ ဆန်အိတ် ၂၀၀ကျော်၊ ဆီ၊ ဆား၊ ပဲနှင့် တခြားလိုအပ်သော ပစ္စည်းများကို လှုဒါန်းခဲ့သည်။ ထို့အပြင် ၁၀၀၀လီတာဆန့် ရေတိုင်ကီ ၆လုံးနှင့် တဲမိုးကားများကိုလည်း လှူဒါန်းခဲ့သည်။ ချင်းရေးရာအဖွဲ့အနေဖြင့် ရူပီး ၅၀၀,၀၀၀ နှင့် တန်ဖိုးညီမျှသော လူသားချင်းစာနာထောက်ထားမှုများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း Mizoram ရှိ Mizo Students Union (MSU) နှင့် Mizoram အစိုးရတာဝန်ရှိသူများနှင့်အတူ ချင်းရေးရာအဖွဲ့၏ လက်ထောက်အမှုဆောင် ဒါရိုက်တာမှ တွေ့ဆုံကာ မြန်မာစစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ကာ အတူလက်တွဲပူးပေါင်းလုပ်ဆောင်ရန် တိုင်ပင်မှုများ ပြုလုပ်ခဲ့သည်။ 

Zokhawthar ရှိ စစ်ဘေးဒုက္ခသည်များအား ဆန်အိတ် ပေးဝေနေစဥ်
ကျန်းမာရေးစောင့်ရှောက်မှုများ

ချင်းရေးရညအဖွဲ့အနေဖြင့် Lailun Medical Centre ဟူ၍ ကျန်းမာရေးစောင့်‌ရှောက်မှုများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ Lailun Medical Centre ကို ချင်းပြည်နယ်အတွင်း ၂နေရာနှင့် Mizoram, Zokhawthar သို့ တစ်နေရာဖွင့်လှစ်ထားပြီး အနီးနားရှိ စစ်ဘေးဒုက္ခသည်မှားနှင့် ပြည်သူများထံသို့ အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်လျက်ရှိသည်။ ၂၀၂၂ခုနှစ်အတွင်း လူနာပေါင်း ၂၄၂၂ဦးကျော်၊ ၂၀၂၃ခုနှစ်အတွင်း ၄၀၆၈ဦးကျော်နှင့် ၂၀၂၄ခုနှစ်အတွင်း ၂၆၀၇ဦးကျော် စုစုပေါင်း လူနာပေါင်း ၉၀၀၀ကျော်အထိ ကုသပေးခဲ့ပြီးဖြစ်သည်။ 

ချင်းရေးရာအဖွဲ့ လက်ထောက်အမှုဆောင် ဒါရိုက်တာမှ Aizawl College of Nursing တာဝန်ရှိသူများနှင့် တွေ့ဆုံနေစဥ်

၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ချင်းရေးရာအဖွဲ့မှ Eye care ဆေးရုံ၊ Mizoram သူနာပြုကျောင်းနှင့် အစိုးရတာဝန်ရှိသူများနှင့် လက်ထောက်အမှုဆောင် ဒါရိုက်တာမှ တွေ့ဆုံကာ အနာဂါတ်တွင် ပူးပေါင်းလက်တွဲကာ မြန်မာစစ်ဘေးဒုက္ခသည်များ၏ ကျန်းမာ‌ရေးစောင့်ရှောက်မှုများအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

ချင်းရေးရာအဖွဲ့ လက်ထောက်အမှုဆောင် ဒါရိုက်တာမှ ၂၀၂၄ခုနှစ်၊ ဧပြီလ ၁၄ရက်နေ့၌ ချင်းပြည်နယ်တစ်နေရာရှိ Lailun Charity Hospital အသစ်ဖွင့်လှစ်နေစဥ်
ပညာ‌ရေးဝန်ဆောင်မှု

ချင်းရေးရာအဖွဲ့အနေဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ကလေးငယ်များ၏ ပညာရေးကူညီထောက်ပံ့မှုများကို ပြုလုပ်လျက်ရှိသည်။ ထို့အပြင် Mizoram ရှိ စစ်ဘေးဒုက္ခသည်စခန်းများရှိရာများမှ Zokhawthar နှင့် Uilui စခန်းရှိ ကလေးငယ်များ၏ ပညာဆည်းပူးလေ့လာနိုင်ရန်အတွက် လိုအပ်သည့် ဆရာဆရာမများအတွက် ဥာဏ်ပူဖော်ခနှင့် ကျောင်းသူကျောင်းသားများ၏ လိုအပ်နေသော ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်များနှင့် သင်ထောက်ကုပစ္စည်းများကိုလည်း ကူညီထောက်ပံ့လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း Mizoram အစိုးရအပါအဝင် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ချင်းရေးရာအဖွဲ့၏ လက်ထောက်အမှုဆောင် ဒါရိုက်တာဦးဆောင်မှုဖြင့် တွေ့ဆုံကာ မြန်မာစစ်ဘေးဒုက္ခသည်များ၏ အနာဂါတ်ပညာရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

ချင်းရေးရာအဖွဲ့မှ Zokhawthar စစ်ဘေးဒုက္ခသည်ကလေးများထံသို့ ကျောင်းသုံးပစ္စည်းများ ပေးလှူနေစဥ်

ချင်းရေးရာအဖွဲ့အနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း မြန်မာစစ်ဘေးဒုက္ခသည်များထံသို့ USD ၁၀၀၀၀ကျော်နှင့် တန်ဖိုးညီမျှသော လူသားချင်းစာနာထောက်ထားမှု၊ ကျန်းမာရေးနှင့် ပညာရေး လိုအပ်ချက်များအပေါ်ကူညီထောာက်ပံ့ခဲ့ခြင်းဖြစ်သည်။မြန်မာစစ်ဘေးဒုက္ခသည် ၆၀၀၀၀နီးပါးနေထိုင်သော Mizoram အတွက် အဆိုပါ ပမာဏမှာ လွန်စွာနည်းပါးပြီး လိုအပ်ချက်များစွာကျန်ရှိလျက်ရှိသည်။ ထို့ကြောင့်Mizoramရှိ မြန်မာစစ်ဘေးဒုက္ခသည်များအတွက် ပိုမိုများပြသော ထောက်ပံ့ကူညီမှုရရှိနိုင်ရန်အတွက် နိုင်ငံတကာရှိလူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်နေကြသော အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် သတင်းပါးလိုက်ရပါသည်။