October 14, 2024, Comment off

၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၃ရက်အတွင်း ချင်းပြည်နယ်၌ စစ်ကောင်စီပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ဦးသေဆုံး

Loyal

 

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ စ၍ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ လူနေအိမ် ၃၀ ကျော် မီးရှု့ဖျက်စီးခဲ့ကောင်း သိရသည်။ ( ၅ အောက်တိုဘာလ ၂၀၂၄၊ Zalen)

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၄ရက်နေ့တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ နံနက် ၅ နာရီဝန်းကျင် မှစ၍ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ် စခန်းများကို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သော Chinland အစိုးရ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ  ထိခိုက် သေဆုံးခဲ့ကြောင်း၊ အထိနာသော စစ်ကောင်စီတပ်ကလည်း Y-12 လေယာဉ်ဖြင့်အကြိမ် ၆၀ ကျော်၊ ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်ကျော်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“ထန်တလန်မြို့တွင်းတိုက်ပွဲက ဒီနေ့ဆိုရင် ရက်ပေါင်း ၇၆ ရက်ဖြစ်နေပြီ။ Tilim Operation – 4 ဆို တဲ့ နာမည်နဲ့တိုက်ပွဲဖော်ဆောင်နေတာ။ ဒီရက်၇၀ ကျော်အတွင်းမှာ တိုက်ပွဲက နေ့တိုင်းနေ့တိုင်း ရပ် တန့်ခြင်းမရှိပါဘူး။ ဒီလိုမျိုးနဲ့ ဆက်တိုက်ဆက်တိုက် တိုက်ပွဲဖော်ဆောင်နေတာရှိပါတယ်။ မနေ့ က တော့ မနက် ၅ နာရီဝန်းကျင်ကနေစပြီး ညနေ ၆ နာရီလောက်အထိ တစ်ရက်လုံးလုံးပြင်းထန်တာ၊ စခတွေကဘက် အကျအဆုံးလည်းများတယ်။ စခန်းရတဲ့နေရာတွေကတော့ ပြောလို့အဆင်မပြေ သေးလို့။ Y-12 နဲ့က ၆၀ ကျော်လောက်ဗုံးကျဲတယ်၊ ပြီးတော့ ဖိုက်တာနဲ့လည်း အကြိမ် ၁၀ ကျော် လောက် ဗုံးကြဲတယ်၊ စက်လက်ကြီးနဲ့ ပစ်တယ်။ တစ်ရက်လုံးလုံးလေယာဉ်နဲ့ ပစ်ကူလာပေးနေတာ။ ကျနော် တို့ဘက်ကတော့ မြို့ကို မသိမ်းမိမချင်းလက်လျှော့မှာ မဟုတ်ဘူး။”ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ (၅ အောက်တိုဘာလ ၂၀၂၄၊ The Rihli Voice)

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ Tilim Operation-4 အမည်ဖြင့် Chinland အစိုးရ ပူးပေါင်းတပ်ဖွဲ့များက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထန်တလန်မြို့ ရှေ့တန်းအမာခံ စခန်းဖြစ်သည့် Auto တောင်စခန်း ၃ ခု၊ ထန်တလန် – ဟားခါးလမ်းပိုင်းရှိ စစ်ကောင်စီတပ် စခန်းများနှင့် ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီတပ်သားများ အခိုင်အမာတပ်စွဲထားသော လိုင်ဗီလာ (Lai Villa) တည်းခိုခန်း စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း Khit Thit Media မှ ဖော်ပြထားသည်။ 

အဆိုပါပစ်ခေတ်မှုတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သော Chinland အစိုးရဘက်မှ အောက်ဖော်ပြပါ ၁၅ဦးသေဆံးခဲ့ရပြီး အယောက် ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အောက်တိုဘာလ ၁၃ ရက်နေ့တွင် CDF-Thantlang ၏ စစ်ဦးစီးချုပ် ( Chief of Staff – CS ) ဆလိုင်းရမ်ဇဲလ် (Salai Ram Zel ) ကျဆုံးသွားကြောင်း သိရသည်။

တဆက်တည်းမှာပင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် မည်သည့်ပစ်ခေတ်မှုမှ မရှိဘဲ စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်မှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ဖလမ်းမြို့မှာ အခြေစိုက်တပ်စွဲတဲ့  ခလရ ၂၆၈ တပ်ကုန်းကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဖလမ်းမြို့နယ် Relsing ရွာကတောင်ယာထဲ အလုပ်လုပ်နေတဲ့ အသက် ၅၇  နှစ်အရွယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ရသလို   ကလေးတချို့ထိခိုက်ဒဏ်ရာရခဲ့သည်။ (၉ အောက်တိုဘာ ၂၀၂၄, Zalen)

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ဖလမ်းမြို့၊ Lungrang ရပ်ကွက်ရှိ အိမ်တစ်လုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖလမ်းမြို့  ခလရ ၂၆၈ တပ်ကုန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ဖလမ်းမြို့နယ်မှ ပြည်သူ ၁ ဦးနဲ့ ကလေးငယ်တချို့ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။