November 15, 2024, Comment off

ICA ကို ၂၀၂၄ ခုနှစ် ချင်းလူသားချင်းစာနာမှုဆိုင်ရာဆု ချီးမြှင့်ခံရ

 

အမေရိကန်နိုင်ငံ ၊ အင်ဒီယာနာပိုးလစ်မြို့(Indianapolis) အခြေစိုက် ချင်းတီဗွီ အင်တာနေရှင်နယ်(Chin TV International) က စီစဥ်ကျင်းပသည့် (၁၁) ကြိမ်မြောက်ဆုပေးပွဲတွင် ချင်းရေးရာအဖွဲ့(ICA) ကို  “2024 Chin Humanitarian Award” ကို  ချီးမြှင့်ခဲ့ပါသည် Chin TV International သည် ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ချင်းလူမျိုးများကို ဝန်ဆောင်မှုပေးနေသော ပထမဆုံးသော online အခြေခံချင်းသတင်းကွန်ရက်ဖြစ်သည်။ 

ချင်းရေးရာအဖွဲ့က မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုများအတွက် အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အဆိုပါဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။  ချင်းရေးရာအဖွဲ့(ICA)သည် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသော ချင်းလူမျိုးများနှင့် မြန်မာနိုင်ငံသားများအား အရေးပေါ် ကူညီပံ့ပိုးမှုများ ပေးလျက်ရှိသည်။ 

 ၂၀၂၄ ခုနှစ် ချင်းလူသားချင်းစာနာမှုဆိုင်ရာဆု
၂၀၂၄ ခုနှစ် ချင်းလူသားချင်းစာနာမှုဆိုင်ရာဆု

ယခုနှစ်ကျင်းပသည့်  (၁၁) ကြိမ်မြောက်ဆုပေးပွဲတွင် ချင်းလူသားချင်းစာနာမှုဆိုင်ရာ ဆုအတွက် အဖွဲ့လေးဖွဲ့ (Chin Community of USA, CZ Ralte, Chin Health Organization and Institute of Chin Affarirs Inc.) လျာထားခံရသည့်အထဲမှ ချင်းရေးရာအဖွဲ့ကို ရွေးချယ်ချီးမျှင့်ခြင်း ဖြစ်ပါသည်။ အဆိုပါဆုသည် ချင်းပြည်နယ်၊ မြန်မာနိုင်ငံနှင့် ပတ်၀န်းကျင်ဒေသများရှိ အခက်အခဲကြုံနေရသည့် လူထုများအတွက်  လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသောICA ၏ လုပ်ငန်းများကို ပေါ်လွင်စေပါသည်။