ချင်းရေးရာအဖွဲ့ ၏ လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူးမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ဦးတည်ချက်နှင့် ဆောင်ပုဒ် များကို ဆွေးနွေးတင်ပြ‌နေစဉ်

March 23, 2025, Comment off

ICA ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် လှုပ်ရှားမှုပုံရိပ်များ

၂၀၂၅ခုနှစ်၊မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ချင်းရေးရာအဖွဲ့ (ICA)မှ Aizawl မြို့ ICA ရုံ၌ဟောပြောပွဲနှင့်ဆွေးနွေးပွဲ အခမ်းအနားဖြင့်လည်းကောင်း ၊ Zokhawthar၊ Uilui ၊ Zote နှင့် ချင်းပြည်နယ်အတွင်းရှိ ICA ၏ ဆေးခန်းများတွင်အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးခြင်း ဖြင့်လည်းကောင်း ကျင်းပခဲ့သည်။

Aizawl မြို့ ဟောပြောပွဲနှင့်ဆွေးနွေးပွဲများ

Aizawl မြို့ ဟောပြောပွဲနှင့်ဆွေးနွေးပွဲအခမ်းအနားကို Hybrid စနစ်  (online and in person) ဖြင့် ကျင်းပခဲ့ပြီး ချင်းရေးရာအဖွဲ့(ICA) ၏ လက်ထောက်အမှု‌‌ဆောင်ညွှန် ကြားရေးမှူးမှ ၂၀၂၅ ခုနှစ်၊မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအ မျိုးသမီးနေ့၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ ဦးတည်ချက်နှင့် ဆောင်ပုဒ်များကို တင်ပြကာဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားကို မြန်မာ အမျိုးသမီးခေါင်းဆောင်များ၊ ICNCC ၊ NGOs အသီးသီးမှအမျိုးသမီးပုဂ္ဂိုလ်များနှင့် မြန်မာဒုက္ခသည် စခန်းခေါင်းဆောင် များပါဝင်ကြကာ အယောက် ၃၀ ကျော်တက်ရောက်ခဲ့ကြသည်။

အခမ်းအနား ပထမပိုင်းတွင် အမျိုးသမီးခေါင်းဆောင်များမှ ဟောပြောတင်ပြသည့် ခေါင်းစဉ်နှင့်အကြောင်းအရာ များတွင်-

  • နိုင်ငံရေးနှင့်၂၀၂၁နွေဦးတော်လှန်ရေးအတွင်း ချင်းအမျိုးသမီးများ၏အရေးကိုတင်ပြခြင်း (Research coordinator,ICA)
  • ချင်းဓလေ့ထုံးတမ်းများအရ အမျိုးသမီးများ၏အရေးကိုတင်ပြခြင်း (Associate Law Professor  and CDMer)
  • အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အကြောင်း နှင့် Gender အကြောင်းတင်ပြခြင်း (Program coordinator,Equality Myanmar)
  • ၂၀၂၁နွေဦးတော်လှန်ရေးကာလအတွင်းချင်းအမျိုးသမီးများ၏အခန်းကဏ္ဍ(Secretary, ICNCC)
  • အမျိုသမီးအခွင့်အရေးနှင့်တန်းတူအခွင့်အရေးများတင်ပြခြင်း (Program Director,Women for Justice)

များပါဝင်ပြီး ICA၏Lailun Vocational Learning Centre မှကျောင်းသူ ၂ ဦး၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး နေ့အကြောင်း တင်ပြလှုပ်ရှားမှုဖြင့် ပေါင်းစပ်ထားသည်။

ICA Research Coordinator presending at IWD 2025
ICA၏ Research coordinator မှနိုင်ငံရေးနှင့်၂၀၂၁နွေဦးတော်လှန်ရေးအတွင်းချင်းအမျိုးသမီးများ ၏အရေး ကိုတင်ပြနေစဉ် (March 8, 2025)

ဒုတိယပိုင်း အစီအစဉ်တွင် တက်ရောက်လာသည့်ပဂ္ဂိုလ်များမှ တင်ပြချက်များနှင့် ခေါင်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး လူ့အခွင့်အရေးနှင့်အတူ အမျိုးသမီးများ၏ရှေ့ရေးနှင့်တိုးတက်ရေးအတွက် အမြင် ချင်းဖလှယ်ခဲ့ကြသည်။ ထို့နောက် နေ့ လည်စာအတူတကွသုံးဆောင်ခဲ့ကြကာချင်းရေးရာအဖွဲ့ ICA Information & Admin Officer ၏ ကျေးဇူးတင်စကားပြောကြားခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

Lailun Vocational Learning Centre မှကျောင်းသူ ၂ ဦးက အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အကြောင်း တင်ပြနေစဉ် (March 8, 2025)
Lailun Vocational Learning Centre မှကျောင်းသူ ၂ ဦးက အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အကြောင်း တင်ပြနေစဉ် (March 8, 2025)
Aizawl ပြင်ပလှုပ်ရှားမှုများ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အထိမ်းအမှတ်အနေဖြင့် ၂၀၂၅ ခုနှစ်၊မတ်လ ၈ ရက်နေ့တွင်ချင်းရေးရာအဖွဲ့ (ICA)  ၏ Zokhawthar ရှိ Lailun Medical Centre ၌လာရောက်ပြသသည့် လူနာအယောက် ၂၀ ကျော်အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးသည့်အပြင် သက်ကြီးရွယ်အိုအချို့အား တကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းများကို ဝေငှပေးခဲ့သည်။

Zote Refugee Camp တွင် ICA၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အထိမ်းအမှတ် ရွေ့လျား ဆေးကုသမှုခံယူနေကြသည့် လူနာများနှင့်ဆရာဝန် ( March 9, 2025)
Zote Refugee Camp တွင် ICA၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အထိမ်းအမှတ် ရွေ့လျား ဆေးကုသမှုခံယူနေကြသည့် လူနာများနှင့်ဆရာဝန် ( March 9, 2025)

Zote ၊ Uilui Refugee Campများနှင့်ချင်းပြည်နယ်အတွင်းရှိICA၏ဆေးခန်းများတွင်လည်း အပြည်ပြည်ဆိုင် ရာအမျိုးသမီးနေ့အထိမ်းအမှတ်လှုပ်ရှားမှုအနေဖြင့်ရွေ့လျားဆေးကုသမှုများကို အခမဲ့ဖြင့် လုပ်ဆောင်ပေးကာ လူနာ အယောက် ၄၀ ကျော်အားကုသမှုပေးနိုင်ခဲ့သည့်အပြင် ဒုက္ခသည်စခန်းများတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး နေ့နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကိုလည်း ကျင်းပခဲ့သည်။

ချင်းပြည်နယ်တစ်နေရာရှိ ICA ၏ဆေးခန်းတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အထိမ်းအမှတ်အနေဖြင့် အခမဲ့ ဆေးကုသမှု ခံယူနေကြသည့်လူနာများ ( March 12, 2025)
ချင်းပြည်နယ်တစ်နေရာရှိ ICA ၏ဆေးခန်းတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အထိမ်းအမှတ်အနေဖြင့် အခမဲ့ ဆေးကုသမှု ခံယူနေကြသည့်လူနာများ ( March 12, 2025)

——–

မျက်နှာဖုံးပုံ။ ချင်းရေးရာအဖွဲ့ ၏ လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူးမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ဦးတည်ချက်နှင့် ဆောင်ပုဒ် များကို ဆွေးနွေးတင်ပြ‌နေစဉ်