
April 14, 2025, Comment off
ချင်းရေးရာအဖွဲ့မှ Lailun Vocational Learning Centre ဖွင့်လှစ်
ချင်းရေးရာအဖွဲ့မှ ဧပြီလ ၁ ရက်နေ့တွင် Mizoram, Zokhawthar ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် Lailun Vocational Learning Centre ကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါဖွင့်ပွဲတွင် Zokhawthar ရွာမှ တာဝန်ရှိသူများ၊ စစ်ဘေးရှောင်ပြည်သူများအချို့၊ ချင်းရေးရာအဖွဲ့မှ ဝန်ထမ်းများနှင့် ချင်းရေးရာအဖွဲ့ Humanitarian Coordinator တို့ ပါဝင်ခဲ့သည်။

Lailun Vocational Learning Centre တွင် စစ်ဘေးရှောင်ကလေးငယ်များအတွက် မြန်မာစာ၊ မြန်မာစကားပြောနှင့် ချင်းစာ၊ ချင်းစကားပြောတို့ကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။
Zokhawthar Lailun Vocational Learning Centre တွင် ကျောင်းသူ/သား ၅၀ ခန့်ရှိကြောင်း သိရသည်။ ထို့အပြင် Mizoram, Aizawl တွင်လည်း ၂၀၂၄ခုနှစ်မှ နိုဝင်ဘာလမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသူ/သား ၂၀ ခန့်ကို မြန်မာစာ၊ မြန်မာစကားပြောနှင့် ချင်းစာ၊ ချင်းစကားပြောတို့ကို သင်ကြားပေးလျက်ရှိသည်။

ထို့အပြင် ချင်းရေးရာအဖွဲ့အနေဖြင့် Mizoram University (MZU) နှင့် ပူးပေါင်းကာ Burmese Diploma Course ကို ၂၀၂၂ခုနှစ်မှ စတင်ကာ သင်ကြားပေးလျက်ရှိသည်။ ပထမသင်တန်းကာလတွင် Mizo နှင့် India လူမျိုး ကျောင်းသူ/သား ၃ဦး၊ ဒုတိယသင်တန်းကာလတွင် Mizo နှင့် India လူမျိုး ကျောင်းသူ/သား ၆ ဦးတို့ကို သင်ကြားပြီးခဲ့ပြီး ဖြစ်သည်။ မကြာမီအချိန်တွင်လည်း တတိယသင်တန်းကာလအတွက် စတင်ပြီး Mizoram University (MZU) ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။

Uilui Camp တွင်လည်း Summer Class အနေဖြင့် မတ်လ ၁ ရက်နေ့မှ စတင်သင်ကြားခဲ့ရာ ကျောင်းသူ/သား အယောက် ၄၀ ကျော် တက်ရောက်ခဲ့သည်။

မြန်မာစစ်ဘေးရှောင်များအနေဖြင့် မိမိစာနှင့် ဘာသာစကားကို မေ့လျော့ခြင်း မရှိစေခြင်းငှာ ရည်ရွယ်၍ ယခုလို Lailun Vocational Learninf Centre ကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး Mizoram University (MZU) ၏ နိုင်ငံခြားဘာသာငှာနတွင် မြန်မာစာကိုလည်း ထည့်သွင်းသင်ကြားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Mizo နှင့် India လူမျိုးများအတွက် Burmese Diploma Course ကို ထည့်သွင်းသင်ကြားပေးခြင်းဖြစ်သည်။