မင်းတပ်မြို့တွင် CDF- Mindat မှ ရှင်းလင်းပြီးသေား စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများ (မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး- သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်း ၂၀၂၅ခုနှစ်၊ မတ်လ)

June 18, 2025, 0 Comments

မြေမြှုပ်မိုင်းကြောင့် ချင်းလူမျိုးများတွင် သေဆုံးသူ ၈၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၉ ဦးရှိ

(၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၅ခုနှစ် မေလ ၃၁အထိ)

Loyal

ချင်းပြည်နယ်အတွင်း ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၅ခုနှစ် မေလ ၃၁အထိမြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၃ ရှိသည့်အနက် အရပ်သားပြည်သူ ၅၄ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၃၅ ဦး ကျော်ရှိသည်။ 

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ၂၀၂၅ခုနှစ် မေလ ၃၁အထိ ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအတွင်း သေဆုံးသူ ၁၀၉၉ ဦးရှိသည့်အနက် ဆန္ဒပြနေစဥ် စစ်ကောင်စီမှ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၂၈ ဦး၊ လူသားဒိုင်းအဖြင့်အသုံးပြုခံရ၍ သေဆုံးသူ ၁၁ ဦး၊ ဆေးဝါးမလုံလောက်မှုကြောင့်သေဆုံးသူ ၂၄ ဦး၊ စစ်ကောင်စီမှ ဖမ်းစီးသတ်ဖြတ်ခံရသူနှင့် မုဒိန်းပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသူ ၆၃ ဦး၊ အကြောင်းမဲ့ အရပ်သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၂ ဦး၊ တိုက်ပွဲအတွင်း ကျဆုံးသွားသော တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၆၁ ဦး၊ ဘာသာရေးခေါင်းဆောင် ၁၇ ဦး နှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၃ ဦး ထိရှိသည်။ 

“ကျနော်တို့တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူငယ်ချင်းရဲ့အလောင်းကို ပြန်သွားယူတာ၊ စစ်တပ်က အလောင်းအောက်မှာ မိုင်းထောင်ထားခဲ့တာ၊ ကြိုနှင့်ဆွဲပေမယ့် ကြိုးက နဲနဲတိုနေတော့ ကျနော်တို့ ၁၀ ယောက်လောက် အကုန်လွင့်စင်ကုန်တာ၊ သေတဲ့သူလည်းရှိတယ် ကျနော်နှင့် သူငယ်ချင်းတယောက်ကတော့ မျက်စိထိပြီး မျက်စိပြန်မမြင်တော့ဘူး” ဟူ၍ CNDF တပ်ဖွဲ့ဝင်တစ်ဦးက ၂၀၂၁ခုနှစ်က သူတို့၏ ကြုံတွေ့ခဲ့ရပုံကို ICA သို့ပြောသည်။ 

“မြေမြှုပ်မိုင်းတစ်ခုက ထောင်ထားပြီးရင် နှစ်ပေါင်း ၅၀လောက်ထိက လုံးဝမပျက်ဘူး၊ ခုနောက်ပိုင်း သုံးလာတဲ့ နင်းမိုင်းတွေက လူကိုတော့မသေစေဘူး၊ ဒါပေမယ့် ခြေပြတ်လက်ပြတ်တော့ လုံးဝဖြစ်တယ်၊ စစ်ကောင်စီက အလောင်းအောက်မှာ စနစ်တံဖြုတ်ပြီး အလောင်းနှင့် ဖိထားတာတွေ ခဏခဏပြုလုပ်တယ်၊ လက်ပစ်ဗုံးနှင့် တိုက်မိုင်းတွေက ကျတော့ ပေ ၅၀ ပတ်ဝန်းကျင်အထိကို လုကိုထိခိုက်စေနိုင်တယ်၊ ပေ ၂၀ ထိတော့ လူကို လုံးဝသေစေနိုင်တယ်။” ဟု CDM စစ်သားဖြစ်သည့် Salai Lian No က ပြောသည်။ 

မင်းတပ်မြို့တွင် CDF- Mindat မှ ရှင်းလင်းပြီးသေား စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများ (မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး- သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်း ၂၀၂၅ခုနှစ်၊ မတ်လ)
မင်းတပ်မြို့တွင် CDF- Mindat မှ ရှင်းလင်းပြီးသေား စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများ (မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး- သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်း ၂၀၂၅ခုနှစ်၊ မတ်လ)

မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူကရိန်းတို့ကို ကျော်လွန်၍ ကမ္ဘာမှာ အများဆုံးဖြစ်လာကြောင်း International campaign to Ban Landmine (ICBL) ၏ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သော အစီရင်ခံစာ အရသိရသည်။

မြေမြှုပ်မိုင်းအန္တရာယ်နှင့် ချင်းပြည်သူများ

ချင်းတောင်ဒေသသည် တောင်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်စားသောက်နေရသော ဒေသဖြစ်သောကြောင့် မိုင်းအန္တရာယ် ပိုများကြောင်းနှင့် မိုင်းရှင်းလင်းရေးပြုလုပ်ရာတွင် ကျန်ခဲ့သည့် တစ်ခုတစ်လေရှိပါက ပြည်သူတွေအတွက်လွန်စွာ အန္တရာယ်ရှိကြောင်း အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ICA သို့ ပြောသည်။ “ကျနော်တို့ ချင်းတောင်မှာက တောင်ယာလုပ်ငန်းလုပ်ကိုင်ရတာ၊ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းတလျောက်က ကျွန်တော်တို့ရဲ့ တောင်ယာသွားရာလမ်းတွေပါ၊ ဘေး ဘယ်ညာ တောက်ရှောက် မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းကြားတော့ တောင်ရာသွားဖို့ တော်တော်အခက်အခဲတွေ့ရတယ်၊ နောက်ပြီး ကျနော်တို့ ရွာသားထဲမှာလည်း တောင်ယာသွားရင်း မိုင်းနင်းမိတဲ့သူတွေလည်း ရှိတော့ ဘယ်သူမှ အရဲစွန့်ပြီး မသွားရဲကြဘူး” ဟူ၍ မတူပီမြို့နယ်ရှိ ဒေသခံတစ်ဦးက ICA ကို ပြောခဲ့ခြင်းဖြစ်သည်။

 

မိုင်းနင်းမိ၍ ခြေထောက်ဖြတ်ပစ်ရသူ မတူပီမြို့နယ်မှ အရပ်သားတစ်ဦး (April 2025, Zalen)
မိုင်းနင်းမိ၍ ခြေထောက်ဖြတ်ပစ်ရသူ မတူပီမြို့နယ်မှ အရပ်သားတစ်ဦး (April 2025, Zalen)

စစ်ကောင်စီအသုံးပြုသော မိုင်းအမျိုးအစားများ

ဆက်လက်ပြီး “မိုင်းသေးသေးလေးကို နင်းမိလို့ ခြေမပျက်သွားရင်တောင် ဒူးဆက်ကနေဖြတ်ရတာ၊ ယမ်းဆိပ်တက်တာပေါ့၊ ကျန်းမာရေးအရလည်း အရမ်းထိခိုက်တယ်၊ မိုင်းပေါက်သွားလို့ ထွက်လာတဲ့ ရမ်းငွေ့က လူကိုရော အိမ်းမွေး တိရစ္ဆာန်တွေကိုလည်း ထိခိုက်စေတယ်၊ မိုင်းက C4 ကို သုံးထားတဲ့အတွက် အသက်ရှုကြပ်တာတွေ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်၊ တချို့ဟာဆိုရင် ဓာတုပစ္စည်းပါတော့ အာရုံကြောထိခိုက်စေတတ်တယ်” ဟု စစ်ကောင်စီအသုံးပြသော မိုင်းအမျိုးအစားအကြောင်းကို  CDM စစ်သားဖြစ်သည့် Salai Lian No က ICA ကိုပြောသည်။

“ကျနော်တို့ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းကတော့ သူတို့ စစ်တပ်ထုတ်တဲ့ဟာကို အသုံးပြုတာ၊ ကျတော်တို့ ကတော့ အဆင့်မြင့်အထိ မပြုလုပ်နိုင်သေးတော့ လက်လုပ်မိုင်းကိုပဲ အသုံးပြုတာ၊ ပြီးတော့ ကျနော်တို့ မိုင်းထောင်လိုက်ရင် မိုင်းကွင်းကို သေချာမှတ်ထားတယ် အများစုကိုတော့ ကျနော်တို့က တိုက်မိုင်း/ရှော့မိုင်းတွေ အသုံးပြုတာများတယ်၊ စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စိတပ်ကို ဟန့်တားတဲ့နေရာပဲသုံးတာ၊ လျော့မိုင်းသုံးတဲ့ခါကျတော့ ဘက်ထရီမဆက်ထားရင် ဘာမှမပေါက်ကွဲနိုင်ဘူး” ဟူ၍ တော်လှန်ရေးတပ်သားများ အသုံးပြုသည့် မိုင်းအကြောင်းနှင့် ပတ်သက်၍ Chin National Defense Force (CNDF) စစ်ဦးစီးချုပ် Salai Daniel က ပြောသည်။ 

ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိသည့်အနက် ၁၅ မြို့ကို ဒေသခံတော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော်လည်း လေကြောင်းအန္တရာယ်နှင့် မိုင်းအန္တရာယ်များ ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် မိမိဒေသသို့ မပြန်နိုင်ဘဲရှိနေသည်။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့မှု ထိန်းထားနိုင်သောလည်း ယခုမချိန်အထိ မိုင်းရှင်းလင်းရေးပြုလုပ်နေရကြောင်းနှင့် စစ်ကောင်စီထောင်ထားသော မြေမြှုမိုင်း ၂,၀၀၀ ကျော်ကို ရှင်းလင်းတိုးဖော်နိုင်ပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး- သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်း မှ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အလားတူပင် မတူပီမြို့တွင်လည်း ဒေသအများစုကို မိုင်းရှင်းလင်းထားပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်စခန်းနှင့် အနှိးတဝိုက်တွင် ရှင်းလင်းရန် ကျန်ရှိနေကြောင်း သိရသည်။ 

မြေမြှုပ်မိုင်းများ ထိန်းချုပ်ခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာအခြေခံများ

မြေမြှုပ်မိုင်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂက ၁၉၈၀ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အချို့သောအဆင့်သတ်မှတ်ထားသောလက်နက်များအပေါ်ကန့်သတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း တွင် ထည့်သွင်းစဉ်းစားထားပြီး၊ ထိုကွန်ဗင်းရှင်းကို ၁၉၉၆ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ကာ Protocol II: မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲအထည်များနှင့် အခြားကိရိယာများ အဖြစ် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၁၉၉၆ ခုနှစ် ပုဂ္ဂိုလ်ကျင့်မိုင်းအသုံးပြုခြင်း တားမြစ်ရေး သဘောတူစာချုပ် (Ottawa Treaty) သည် သဘောတူစာချုပ်လက်မှတ်ထိုးထားသည့် နိုင်ငံများအတွက် ပုဂ္ဂိုလ်ကျင့်မိုင်းများကို ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ အသုံးပြုခြင်းနှင့် တင်ပို့ခြင်းများကို တားမြစ်ထားသည်။

ပုဂ္ဂိုလ်ကျင့်မိုင်းများမှာ လူတစ်ဦး၏ ရှိနေမှု သို့မဟုတ် ထိတွေ့မှုကြောင့် ပေါက်ကွဲအောင် ပြုလုပ်ထားပြီး၊ လူတစ်ဦးအား ဒဏ်ရာရစေခြင်း သို့မဟုတ် သေဆုံးစေခြင်းကို ရည်ရွယ်သည်။ ပေါက်ကွဲအထည်များသည် မမျှော်လင့်ဘဲ လူထိတွေ့ရာတွင် ပေါက်ကွဲစေရန် ဖန်တီးထားသော ကိရိယာများဖြစ်သည်။ (ဥပမာ၊ တံခါးဖွင့်သောအခါအထက်ပါအတိုင်း ပေါက်ကွဲနိုင်သည်။) အခြားကိရိယာများမှာ လက်ဖြင့်သုံးနိုင်သော သို့မဟုတ် အဝေးထိန်းစနစ်ဖြင့် အသုံးပြုနိုင်သော ပေါက်ကွဲကိရိယာများဖြစ်သည်။၊ မော်တော်ယာဉ်ကျင့်မိုင်းများကို ဖော်ပြထားခြင်းမရှိသော်လည်း ပထမအချက်နှင့် ဆက်စပ်သော စည်းမျဉ်းများဖြင့် ထိန်းချုပ်ထားသည်။

နိဂုံး

အဖွဲ့အစည်းအသီးသီးက မြေမြှုပ်မိုင်းများကို ယခုကဲ့သို့ဆက်လက်၍ အသုံးပြုနေကြပါက၊ ချင်းပြည်သူများအနေဖြင့် အနာကပ်တွင် ယခင်ကာလများအတိုင်း အန္တရာယ်ကင်းရှင်းစွာ နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် အချိန်နှင့်အရင်းအမြစ်များစွာ အသုံးပြုကာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ပါမည်။

ချင်းပြည်သူများ၏ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များအတွက် မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အဖွဲ့အစည်းအသီးသီးမှ မြေမြှုပ်မိုင်းရှင်းလင်းမှု၊ မြေမြှုပ်မိုင်းအန္တရာယ်ပညာပေးမှု၊ တားမြစ်နယ်မြေသတ်မှတ်မှုများကို ယခုမှစ၍ ပိုမိုလုပ်ဆောင်သင့်ကြောင်း သုံးသပ်ရပါသည်။


ပုံစာ – မင်းတပ်မြို့တွင် CDF- Mindat မှ ရှင်းလင်းပြီးသေား စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများ (မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး- သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်း ၂၀၂၅ခုနှစ်၊ မတ်လ)