November 19, 2025, Comment off
ချင်းရေးရာအဖွဲ့ ၏၂၀၂၅ခုနှစ် တတိယသုံးလပတ် (ဇူလိုင်လမှ စက်တင်ဘာလ) အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုများ
နိဒါန်း
ချင်းရေးရာအဖွဲ့ICAသည်၂၀၂၁ခုနှစ်မှစတင်၍မြန်မာနိုင်ငံ၏ပြည်တွင်းပဋိပက္ခနှင့်တိုက်ပွဲများ ကြောင့် ဒုက္ခရောက်နေကြသည့်ပြည်သူများ၊ မိမိတို့၏အိုးအိမ်စည်းစိမ်များကိုစွန့်ခွာပြီး အသက်ရှင် သန်နိုင် ရေးအတွက် ထွက်ပြေးတိမ်းရှောင်နေရသည့်စစ်ဘေးရှောင်များနှင့်ပြည်သူများအား အတတ်နိုင်ဆုံး ကြိုးစားကူညီခဲ့ပါသည်။ အထူးသဖြင့် ချင်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ရှိစစ်ဘေး ရှောင်များနှင့်ဒုက္ခသည်များ၏ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု့များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး အပ် ခြင်းများကိုတိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။ချင်းရေးရာအဖွဲ့ICA၏၂၀၂၅ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာအတွင်း စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့်အကူအညီလိုအပ် သည့်ပြည်သူများ၏ ဘဝမြှင့်တင်ရေးအတွက်ကူညီဆောင်ရွက်ပေးနိုင်သည့်ရလဒ်များနှင့် ဆောင်ရွက်ဆဲလုပ်ဆောင်မှု့များကို အောက်ပါအတိုင်း ကဏ္ဍအလိုက်တင်ပြထားသည်။
ပညာရေးနှင့်သင်တန်းများဆိုင်ရာဝန်ဆောင်မှုများ
၂၀၂၂ ဇွန်လမှစတင်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဇိုခေါထာရ်အိန္ဒိယအစိုးရကျောင်းတွင် တက်ရောက် ပညာသင်ယူနေကြသည့် ဒုက္ခသည်ကျောင်းသား အယောက်၂၀၀၀ နီးပါး အတွက် ဆရာ/မ ၄ ယောက်ကို ယနေ့အထိ ICA မှလစာထောက်ပံ့ ဌားရမ်းပေးထားဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ကျန်ဖိုင် ခရိုင်အတွင်းရှိ Uilui ဒုက္ခသည်စခန်းတွင် နေထိုင်ကြသည့်ကလေးများအတွက် Ebenezer Community School ကိုလည်း ၂၀၂၃ ဇွန်လမှစတင်ကာ ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့်ပူးပေါင်း ၍ယနေ့အချိန်ထိ ICA မှဖွင့်လှစ်ပေးထားသည်။ အဆိုပါကျောင်းတွင်မြန်မာဒုက္ခသည်ကျောင်းသား ၁၅၀ ဦးခန့်ပညာသင်ကြားလျက်ရှိပြီး သင်ကြားရေးအတွက်လိုအပ်သော သင်ထောက်ကူပစ္စည်း၊ ဆရာ/မ ၁၀ ယောက် အတွက် လစာထောက်ပံ့ကြေးနှင့်အဆောက်အဦးများကို ICA မှကုန်ကျ ထောက်ပံ့ပေးထားသည်။
ချင်းပြည်နယ်တွင်လည်း ကျောင်းပေါင်း ၁၀၀ ကျော်ရှိ ကျောင်းသူ/သား ၇,၀၀၀ ကျော်အတွက် သင်ကြားရေး ဆရာ/မ ၇၀၀ ခန့်ကို ICA မှ လစဉ်ကူညီထောက်ပံ့ထားသည်။ ထို့အပြင်၊ အိန္ဒိယ နိုင်ငံရှိ တက္ကသိုလ်များတွင် အဆင့်မြင့်ပညာများကိုဆည်းပူးလေ့လာနေသည့် ကျောင်းသူ/သား ၁၄ ဦးကိုလည်း ICA က ပံ့ပိုးကူညီလျက်ရှိသည်။

Vocational Training များ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရောက်မြန်မာနိုင်ငံသားများနှင့်စစ်ဘေးဒုက္ခသည်မိဘများ၏ တောင်း ဆိုမှု့အရ မိခင်ဘာသာတတ်ကျွမ်းရေးအစီအစဉ်ဖြင့် အိုင်ဇောလ်နှင့်ဇိုခေါထာရ်တို့တွင် မြန်မာ /ချင်း ဘာသာစကားသင်ကြားရေးသင်တန်း(အသက် ၈ နှစ်မှ ၁၃နှစ်)ကို အခမဲ့ဖြင့် ICAမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်ပေးထားရာ လက်ရှိတွင်ကျောင်းသား ၄၀ ဦးခန့်တက်ရောက်သင်ယူ လျက်ရှိသည်။ ဤ ၃ လအတွင်းသင်ကြားရေးဆရာ/မများအတွက် အထူးမွမ်းမံသင်တန်းကို ၁ ကြိမ် ပြုလုပ်ပေးနိုင်သည်။
ချင်းပြည်နယ် အတွင်းရှိ ပြည်သူများနှင့်စစ်ဘေးရှောင်များအားလေကြောင်းအန္တရာယ်မှဘေးကင်း လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ဗုံးခိုကျင်းတူးဖော်တည်ဆောက်ရန် လှုံ့ဆော်သတိပေး လက်ကမ်းစာ စောင်များကို ဒေသဘာသာစကားဖြင့် ဖြန့်ဝေပေးနိုင်ခဲ့သည်။ ရုံးဝန်ထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း ၁ ကြိမ်နှင့် ဆရာ/မများအတွက် အထူးမွမ်းမံသင်တန်းကိုလည်း ၁ ကြိမ် ပို့ချပေးနိုင်ခဲ့သည်။

ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ
ချင်းရေးရာအဖွဲ့သည်၂၀၂၂ ခုနှစ်မှစတင်ကာ မြန်မာပြည်တွင်းပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ထွက် ပြေးတိမ်းရှောင်နေကြရသည့်ဒုက္ခသည်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ အတွက်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့အချိန်ထိ တတ်နိုင်သလောက် ကြိုး စားလုပ်ဆောင်လျက်ရှိသည်။
ချင်းရေးရာအအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ စတင်ပြီး အိန္ဒိယ-မြန်မာနယ်စပ်နှင့် ချင်းပြည်နယ်အတွင်း ၌ အသေးစားခွဲစိတ်ကုသမှုကိုလုပ်ဆောင်နိုင်သည့် ဆေးရုံ ၂ ရုံနှင့် ဆေးခန်း ၄ ခုကို ဆရာဝန် ၄ ဦး နှင့်သူနာပြု ၁၀ဦး တို့ဖြင့် ဆရာဝန်စမ်းသပ်ခ အခမဲ့ဝန်ဆောင်မှုပေးကာ စစ်ဘေးရှောင်ပြည်သူများ၊ ဒေသခံပြည်သူများနှင့် သဘာဝဘေးဒဏ်ခံစားရ၍ ဒုက္ခရောက်နေသည့်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်ပေးလျက်ရှိသည်။
၂၀၂၅ခုနှစ် ဇူလိုင်လမှစက်တင်ဘာလအတွင်း ICA ၏ဆေးရုံ/ဆေးခန်းများတွင် လာရောက်ပြသ သည့်လူနာများအပါအဝင် ရွေ့လျားဆေးခန်း(Mobile Clinic)ဖြင့် စုစုပေါင်းလူဦးရေ ၃၀၀၀ ကျော် ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။
ထို့အပြင်ဝေးလံ၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ၊ သက်ကြီး ရွယ်အိုများနှင့် မသန်မစွမ်းများအတွက် ရွေလျားဆေးခန်း (Mobile Clinic)ကို ICA ဆရာဝန်၏ ဦးဆောင်မှုဖြင့် သူနာပြုများနှင့်အတူ ၂၀၂၂ ခုနှစ်မှ စတင်ကာယနေ့ထိ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်း၊ ကလေးမြို့နယ်အတွင်းရှိ မြို့များတွ င်လှည့်လည်ကုသပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ်ဇူလိုင်လမှ စက်တင်ဘာလအတွင်း မီဇိုရမ်ပြည်နယ်ရှိဒုက္ခသည်စခန်း ခေါင်းဆောင် ၁၅ ဦးကို ICA ဆရာဝန်မှ ရှေးဦးသူနာပြုသင်တန်း ၁ ကြိမ်ပို့ချပေးနိုင်ခဲ့သည်။

လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာအကူအညီများ
ချင်းရေးရာအဖွဲ့ ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့ပြည်တွင်းပဋိပက္ခများကြောင့်ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့် သဘာဝဘေးအန္ဒရာယ်ခံစားရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ(အရေးပေါ်စားနပ်ရိက္ခာ၊မိုးကာ များ၊ ရေတိုင်ကီများ၊အမျိုးသမီးနှင့်သက်ကြီးရွယ်အိုများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်း) များကိုကူညီပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်ဇူလိုင်မှစက်တင်ဘာလအတွင်း ICA မှ ချင်းပြည်နယ်၊တောင်ပိုင်/မြောက်ပိုင်းမြို့နယ်များ နှင့် ဖလမ်းမြို့နယ်အတွင်းရှိရွာပေါင်း ၂၉ ရွာမှစစ်ဘေးရှောင်များကို ဆန်၊ဆီ၊ဆား၊ပဲနှင့်အာလူးများ ထောက်ပံ့ပေးနိုင်ခဲ့သည်။ ဤ ၃လအတွင်း ICA မှပြည်တွင်းစစ်ဘေးရှောင် ၁၀,၀၀၀ ဦး၊ အိမ်ထောင်စု ၂,၅၀၀ ကျော်တို့အား အရေးပေါ်စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

ထို့ပြင်ဇူလိုင်လအတွင်း ချင်းတော်လှန်ရေးလက်နက်ကိုင်အချင်းချင်းကြားပွတ်တိုက်မှုတိုက်ပွဲများ ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ၊မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်ဦးရေ ၄,၀၀၀ ၊ အိမ်ထောင်စု ၈၅၀ ကျော်တို့ကို ဆန်၊ဆီ၊ဆား၊ပဲနှင့်အာလူးများ ထောက်ပံ့ကူညီပေးနိုင်ခဲ့ သည်။
ဒုက္ခခံစားနေကြသည့်ပြည်သူများအတွက် တောင်းဆိုခြင်း
အထက်ဖော်ပြပါလုပ်ဆောင်ချက်များသည် ICAနှင့် ပြည်တွင်းပြည်ပရှိအဖွဲ့အစည်း၊ အလှူရှင်များ ၏အားဖြည့်မှုနှင့်အတူတကွပေါင်းစပ်ကာ မြန်မာပြည်တွင်းပဋိပက္ခနှင့်တိုက်ပွဲများနှင့် သဘာဝဘေး အန္ဒရာယ်ကြောင့် ဒုက္ခခံစားနေကြသည့်ပြည်သူများအတွက် အတတ်နိုင်ဆုံးကြိုးစားကာ ကူညီ ထောက်ပံ့ပေးထားမှု့၏ရလဒ်များဖြစ်ပါသည်။
သို့ပါသော်လည်း မြန်မာ့ပြည်တွင်းပဋိပက္ခမှာကာလရှည်ကြာလာသည်နှင့်အမျှ ပြည်သူများ၏အကူ အညီလိုအပ်ချက်မြင့်မားလာလျက်ရှိရာ ICA အနေဖြင့်လိုအပ်ချက်၏ ၅% ခန့်ပင်လျှင်ကူညီပေး နိုင်ရန် ရုန်းကန်နေရပါသည်။ သို့ပါ၍ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် အလှူရှင်များ အနေဖြင့် ဒုက္ခရောက်ရုန်းကန်ကန်နေရသည့် ပြည်သူများ၏ဘဝဆက်လက်ရှင်သန်နိုင်ရေးအတွက် ချင်း ရေး ရာအဖွဲ့ နှင့်အတူ ဆက်လက်ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် မေတ္ထာရပ်ခံတင်ပြအပ်ပါ သည်။
ချင်းရေးရာအဖွဲ့ ICA၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်ခြင်းလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်လိုသည့် အလှူရှင်များအတွက်ဆက်သွယ်ရမည့် Email နှင့်ဖုန်းနံပါတ်မှာအောက် ပါအတိုင်းဖြစ်ပါသည်။