January 27, 2026, 0 Comments
ချင်းရေးရာအဖွဲ့၏၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်( အောက်တိုဘာလမှဒီဇင်ဘာလ) အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုများ
နိဒါန်း
ချင်းရေးရာအဖွဲ့ (ICA) သည်၂၀၂၁ ခုနှစ်မှစတင်၍ ယနေ့အချိန်ထိ မြန်မာနိုင်ငံ၏ပြည်တွင်းပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူများ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရသူ များနှင့် အမေ့လျှော့ခံ လူတန်းစားများအား နိုင်သလောက် ကြိုးစားကူညီလျက်ရှိပါသည်။
အထူးသဖြင့် ချင်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ရှိ စစ်ဘေးရှောင်များနှင့်ဒုက္ခသည်များ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းများကို ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ ချင်းရေးရာအဖွဲ့ ၏၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လတာအတွင်း စစ်ဘေး ရှောင်များ၊ ဒုက္ခသည်များနှင့်အကူအညီလိုအပ်သည့် ပြည်သူများ၏ ဘဝမြှင့်တင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးနိုင်သည့်ရလဒ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် စိန်ခေါ် မှုများကို အောက်ပါအတိုင်း ကဏ္ဍအလိုက်တင်ပြထားသည်။
ပညာရေးဆိုင်ရာဝန်ဆောင်မှုများ
ဒီဇင်ဘာလလက်ထေက်အလုပ်မှုဆောင် ဒါရိုက်တာ၏ ကွင်းဆင်းလေ့လာရေးခရီးစဉ်တွင် အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဇိုခေါထာရ် (Zokhawthar)အိန္ဒိယအစိုးရကျောင်း၌ တက်ရောက် ပညာသင်ယူ နေကြသည့် ဒုက္ခသည်ကျောင်းသား အယောက်၂၀၀၀ နီးပါး နှင့် အိန္ဒိယနိုင်ငံ၊ ကျန်ဖိုင် ( Camphai District) ခရိုင်၊ Uilui ဒုက္ခသည်စခန်းရှိ Ebenezer Community School ၌ ပညာသင်ကြား လျက်ရှိသော မြန်မာဒုက္ခသည် ကျောင်းသား ၁၅၀ ဦး အတွက်လိုအပ်သော သင်ထောက်ကူပစ္စည်းများဝယ်ယူနိုင်ရန် အလှူငွေများ ထောက်ပံ့ပေးနိုင်ခဲ့သည်။

ချင်းပြည်နယ်တွင်လည်း ကျောင်းပေါင်း ၁၀၀ ကျော်ရှိ ကျောင်းသူ/သား ၇,၀၀၀ ကျော်အတွက် သင်ကြားရေး ဆရာ/မ ၇၀၀ ခန့်ကို ICA မှ လစဉ်ကူညီထောက်ပံ့ထားသည်။ ထို့အပြင်၊ အိန္ဒိယ နိုင်ငံရှိ တက္ကသိုလ်များတွင် အဆင့်မြင့်ပညာများကိုဆည်းပူးလေ့လာနေသည့် ကျောင်းသူ/သား ၁၄ ဦးကိုလည်း ICA က ပံ့ပိုးကူညီလျက်ရှိသည်။
အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရောက်မြန်မာနိုင်ငံသားများနှင့်စစ်ဘေးဒုက္ခသည်မိဘများ၏ တောင်း ဆိုမှုဖြင့်ICA မှဖွင့်လှစ်ပေးထားသည့်မိခင်ဘာသာတတ်ကျွမ်းရေးအစီအစဉ်၊ မြန်မာ /ချင်းဘာသာ စကားသင်ကြားရေးသင်တန်း (အသက် ၈ နှစ်မှ ၁၃နှစ်)တွင် အိုင်ဇောလ်(Aizawl)နှင့် ဇိုခေါထာရ် (Zokhawthar) တို့၌ အခမဲ့ဖြင့် ကျောင်းသူ/ကျောင်းသား ၄၀ ဦးခန့်တက်ရောက်သင်ယူ လျက်ရှိသည်။

ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ
ချင်းရေးရာအဖွဲ့သည်၂၀၂၂ ခုနှစ်မှစတင်ကာ မြန်မာပြည်တွင်းပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ထွက် ပြေးတိမ်းရှောင်နေကြရသည့်ဒုက္ခသည်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ အ တွက်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့အချိန်ထိ တတ်နိုင်သလောက် ကြိုးစား လုပ်ဆောင်လျက်ရှိသည်။
ချင်းရေးရာအအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ စတင်ပြီး အိန္ဒိယ-မြန်မာနယ်စပ်နှင့် ချင်းပြည်နယ်အတွင်း၌ အသေးစားခွဲစိတ်ကုသမှုကိုလုပ်ဆောင်နိုင်သည့် ဆေးရုံ ၂ ရုံနှင့် ဆေးခန်း ၄ ခုကို ဆရာဝန် ၄ ဦး နှင့် သူနာပြု ၁၀ဦး တို့ဖြင့် ဆရာဝန်စမ်းသပ်ခ အခမဲ့ဝန်ဆောင်မှုပေးကာ စစ်ဘေးရှောင်ပြည်သူများ၊ ဒေသခံပြည်သူများနှင့် သဘာဝဘေးဒဏ်ခံစားရ၍ ဒုက္ခရောက်နေသည့်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်ပေးလျက်ရှိသည်။

၂၀၂၅ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ICA ၏ဆေးရုံ/ဆေးခန်းများတွင် လာရောက်ပြသ သည့်လူနာများအပြင် ရွေ့လျားဆေးခန်း(Mobile Clinic)ဖြင့် စုစုပေါင်းလူဦးရေ ၃၅၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။
ထို့အပြင်ဝေးလံ၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ၊ သက်ကြီး ရွယ်အိုများနှင့် မသန်မစွမ်းများအတွက် ရွေလျားဆေးခန်း (Mobile Clinic) ကို ICA ဆရာဝန်၏ ဦးဆောင်မှုဖြင့် သူနာပြုများနှင့်အတူ ၂၀၂၂ ခုနှစ်မှ စတင်ကာ ယနေ့ထိ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်(Camphai District)ခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း/မြောက်ပိုင်း၊ ကလေးမြို့နယ်အတွင်းရှိ မြို့များတွင်လှည့်လည်ကုသပေးလျက်ရှိသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ
ချင်းရေးရာအဖွဲ့ ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့ပြည်တွင်းပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့် သဘာဝဘေးအန္ဒရာယ်ခံစားရသည့် ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ(အရေးပေါ်စားနပ်ရိက္ခာ၊မိုးကာများ၊ ရေတိုင်ကီများ၊ အမျိုးသမီးနှင့်သက်ကြီးရွယ်အိုများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်း) များကိုကူညီပေးလျက်ရှိသည်။
ယခုလက်ရှိ၌ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ICA Centre တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအကြို ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ဖလမ်းမြို့နယ်မှ စစ်ဘေးရှောင်လာသည့် ပြည်သူ အယောက် (၃၀) ခန့် ခိုလှုံလျက်ရှိသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ICA မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၉ ရွာမှစစ်ဘေးရှောင်များကို ဆန်၊ဆီ၊ဆား၊ပဲနှင့်အာလူးများ ထောက်ပံ့ပေးနိုင်ခဲ့သည်။ ထို့ပြင်ဤ ၃လအတွင်း ICA မှပြည်တွင်းစစ်ဘေးရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာများအပြင် အရေးပေါ် ကယ်ဆယ်ရေးရံပုံငွေ မြန်မာကျပ်ငွေသိန်းနှစ်ရာ (၂၀,၀၀၀,၀၀၀) ကျပ်ကို ကူညီထောက်ပံ့ ပေးနိုင်ခဲ့သည်။
အောင်မြင်မှုနှင့် စိန်ခေါ် မှုများ
အထက်ဖော်ပြပါလုပ်ဆောင်ချက်များသည် ICAနှင့် ပြည်တွင်းပြည်ပရှိအဖွဲ့အစည်း၊ အလှူရှင်များ၏ အားဖြည့်မှုနှင့်အတူတကွပေါင်းစပ်ကာ မြန်မာပြည်တွင်းပဋိပက္ခနှင့်တိုက်ပွဲများနှင့် သဘာဝဘေး အန္ဒရာယ်ကြောင့် ဒုက္ခခံစားနေကြသည့်ပြည်သူများအတွက် အတတ်နိုင်ဆုံးကြိုးစားကာ ကူညီ ထောက်ပံ့ပေးထားမှု၏ ရလဒ်များဖြစ်ပါသည်။
သို့ပါသော်လည်း မြန်မာ့ပြည်တွင်းပဋိပက္ခမှာကာလရှည်ကြာလာသည်နှင့်အမျှ ပြည်သူများ၏အကူ အညီလိုအပ်ချက် မြင့်မားလာလျက်ရှိရာ ICA အနေဖြင့်လိုအပ်ချက်၏ ၅% ခန့်ပင်လျှင်ကူညီပေးနိုင်ရန် ရုန်းကန်နေရပါသည်။ သို့ပါ၍ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် အလှူရှင်များအနေဖြင့်ဒုက္ခရောက် ရုန်းကန်နေရသည့် ပြည်သူများ၏ဘဝဆက်လက်ရှင်သန်နိုင်ရေးအတွက် ချင်းရေးရာအဖွဲ့ နှင့်အတူ ဆက်လက် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် မေတ္ထာရပ်ခံတင်ပြအပ်ပါသည်။
ချင်းရေးရာအဖွဲ့ ICA၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်ခြင်းလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်လိုသည့် အလှူရှင်များအတွက်ဆက်သွယ်ရမည့် Email နှင့်ဖုန်းနံပါတ်မှာအောက်ပါ အတိုင်းဖြစ်ပါသည်။