July 17, 2024, Comment off

နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကြာလာချိန် ချင်းပြည်သူများအပေါ် သက်ရောက်မှုများ

Salai Kur Bung Bel

၂၀၂၄ ခုနှစ်မှာ တော်လှန်ရေးတပ်တွေ အားကောင်းလာပြီး စစ်ကောင်စီသည် မြန်မာနိုင်ငံရဲ့ မြို့နယ်၈၆ရာခိုင်နှုန်းကိုထိန်းချုပ်မထားနိုင်တော့ကြောင်း မြန်မာ့အရေးကို ဆက် တိုက်လေ့လာနေသည့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ကောင်စီ(SAC-M)  က မေ ၃၀ ရက်အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။စစ်ကောင်စီသည် နယ်စပ်မြို့တွေကို အုပ်ချုပ်ခွင့် ဆုံးရှုံးထားရပြီး မြို့နယ် ၅၅ ခုကိုတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည် ဟုလည်းအစီခံစာတွင်ရေးသားထားသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏နယ်မြေစိုးမိုးထိန်းချုပ်မှု

လက်ရှိချင်းပြည်တွင် ရိခေါဒါရ်(Rihkhawdar) ၊လိုင်လဲင်းပီ(Lailenpi)၊ရေဇွာ(Rezua)၊ ကျင်ဒွေး(Kyindwe)၊ကျီခါး(Cikah)၊နှင့်တွန်းဇံ(Tonzang)မြို့တို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ များကသိမ်းပိုက်ထားပြီးစစ်ကောင်စီတပ်များစခန်းစွန့်ခွာသွားသည့် ဝေဘူလ (Webula)၊ နှာရိန်(Hnaring)၊မကွီအိမ်နူး(M’KuiimNu)၊ဆူရ်ခွာရ်(Surkhua)   နှင့်မတူပီ(Matupi) မြို့အပါအဝင်မြို့  ပေါင်း ၁၁ မြို့သည် ချင်းတော်လှန်‌ရေးတပ်ဖွဲ့များ မှထိန်းချုပ်ထားသည်။ ချင်းပြည်နယ်မှ    ပလက်ဝ (Paletwa) မြို့မှာမူလက်ရှိအချိန်တွင်အာရက္ခတပ်တော်(AA)မှ ထိန်းချုပ်ထားသည်။ (ခေါ်နူမ်းသုန်-ဇွန် ၁, ၂၀၂၄)

ချင်းရေးရာအဖွဲ့ (ICA)၏ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်၏ ၇၅ ရာခိုင်နှုန်းအထိ ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းထုတ် ပြန်ထားရာ လက်ရှိတွင်ထိန်းချုပ်ဧရိယာ ပိုမိုများပြားလာမည်ဖြစ်သည်။

စစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်နေသည့် ချင်းပြည်နယ်နှင့်ချင်းပြည်နယ်ပြင်ပချင်းလက် နက်ကိုင်အဖွဲ့ များ

စစ်ကောင်စီ၏မတရားအာဏာသိမ်းမှုကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆန့်ကျင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာသော်လည်း အာဏာသိမ်း စစ်ကောင်စီမှအရေးယူ ဆွေးနွေးခြင်းမပြုသည့်အပြင် ငြိမ်းချမ်းစွာဆန္ဒပြသည့် လက်နက်မဲ့ပြည်သူများကို အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းပါတော့သည်။ဤသို့အကြမ်းဖက်မှုကို ခံနေကြသည့်ပြည်သူထု၏အကြမ်းမဖက် အာဏာဖီဆန်မှုသည်‌ ရွေးချယ်စရာမရှိတော့သည့်အဆုံးတွင် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းလာခဲ့ရသည်။ဤတွင်ချင်း မျိုးနွယ်စု များ  နေထိုင်ရာချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်လုံးတွင်သာမက ချင်းပြည်နယ်ပြင်ပ ချင်းလူမျိုး များနေထိုင်ရာ ဒေသများတွင်ပါ ၂၀၂၁ ခုနှစ်၊ဧပြီလ ၄ ရက်နေ့မှ စ၍ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(Chin Land Defense Force-CDF)များ အလျှိုလျှိုပေါ် ‌ပေါက်လာခဲ့ရသည်။

ဤသို့ဖြင့်ချင်းပြည်နယ်တွင်CNA/CNFအပြင်အောက်ပါအခြားချင်းလက်နက်ကိုင်တပ်ဖွဲ့စည်း များ  ဖွဲ့စည်းဖြစ်ပေါ် လာကြသည်။

၁။CNF /CNA (ချင်းအမျိုးသားတပ်ဦး /ချင်းအမျိုးသားတပ်မတော် )

၂။CNO /CNDF(ချင်းအမျိုးသားအစည်းအရုံး /ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့)

၃။CDF- KKG; Kalay-KaBaw-Gangaw (ကလေး၊ကဘော်၊ ဂန့်ဂေါ)

၄။CDF-Mindat(မင်းတပ်)

၅။CDF-Kanpetlet (ကန်ပက်လက်)

၆။CDF-Matupi (မတူပီ)

၇။CDF-Paletwa (ပလက်ဝ)

၈။CDF-Hakha (ဟားခါး)

၉။CDF-Tonzang (တွန်းဇံ)

၁၀။CDF-Thantlang (ထန်တလန်)

၁၁။ZFU /PDF- Zoland (Tedim / Tonzang)ဇိုနယ်မြေ (တီးတိန် / တွန်းဇံ)

၁၂။CDF- Daai (ဒိုင်)

၁၃။CDF- Mara(မရာ)

၁၄။CDF- Zophei(ဇိုဖေ)

၁၅။CDF-Zotung (ဇိုတုန်)

၁၆။CDF-Lautu (လောက်တူ)

၁၇။CDF-Hualngo ([ဟွာလ်ငို)

၁၈။CDF-CDM “SIYIN” (စီယင်း)  

၁၉။ACDF (Asho Defence Force)     

၂၀။CDF-Zanniat

၂၁။CDF-Senthang

၂၂။MTC-MDF(Maraland Territorial Council/Mara Defence Force)

၂၃။PDA (People Defence Army)

၂၄။TDF (Thado Defence Army)

၂၅။CDFA (CDF Asho)

တို့ဖြစ်ကြသည်။

စိုးမိုထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာခြင်း၏သက်ရောက်မှုများ

တော်လှန်ရေးကာလတွင်စစ်ကောင်စီ၏ထိန်းချုပ်အုပ်ချုပ်မှု အာဏာသက်ရောက်မှု ကင်းမဲ့သည့် ချင်းဒေသတဖြည်းဖြည်းကျယ်ပြန့်လာသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့ အသီးသီးမှလည်း စိုးမိုထိန်းချုပ်နယ်မြေများ တည်ဆောက်ကာ ပြည်သူ့အုပ်ချုပ်ရေး အစီအမံများ ဖွဲ့စည်းတည်ထောင်လာကြသည်။ ဤတွင် စိုးမိုးထိန်းချုပ်နယ်မြေဒေသနှင့် စပ်လျဥ်း၍ ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြားတွင် ပွတ်တိုက်မှုများ ရှိလာသည် ကိုတွေ့ရသည်။

ဘာသာရေးအပေါ်  သက်ရောက်မှု

စစ်ကောင်စီမှနိုင်ငံတော်အာဏာသိမ်းယူပြီး ၃နှစ်အတွင်း ချင်းပြည်နယ်နှင့်ချင်းအမျိုးသားများ နေထိုင်သောဒေသ များရှိ ခရစ်ယာန်ဘာသာရေးအဆာက်အဦး စုစုပေါင်း ၁၀၈ ကျောင်းကျော် ဖျက်ဆီးခဲ့ပြီးဖြစ်သည်။လူနေအိမ် အဆောက်အဦး ၂၁၅၄လုံး ထက်မနည်းမီးရှို့ဖျက်ဆီးခံရပြီး ဖြစ်သည်။ ( ICA ၏ ၂၀၂၄ ခုနှစ်၊ဖေဖေါ် ဝါရီလ ၁ ရက်နေ့ထုတ်ပြန်ချက်)        ချင်းပြည်နယ်၊ 

ဟားခါးမြို့၊မြို့သစ်ရပ်ကွက်မှာလည်း ဧပြီလ ၂၂ ရက်နေ့ကစပြီး ခရစ်ယာန်ဘုရားကျောင်းတွေ မှာ လူ ၅ ဦးနဲ့အထက် မစုကြဖို့ စစ်ကောင်စီတပ်က အမိန့်ထုတ်ထားကြောင်း ဒေသခံများက  ပြောသည်။

စီးပွာရေးနှင့်လူမှုရေးအပေါ် သက်ရောက်မှု

တော်လှန်းရေးတပ်ဖွဲ့များ၏စိုးမိုးထိန်းချုပ်သည့်နယ်မြေဒေသများရှိ စစ်ဆေးရေးဂိတ်များတွင် အချို့သော တော်လှန်ရေးတပ်ဖွဲ့များ၏အခွန်ကောက်ခံသည့်စနစ်သည် ပြည်သူများ၏စီး ပွားရေးအပေါ် သက်ရောက်မှုကြီးမားပြီး ကုန်စျေးနှုန်းပိုမိုမြင့်မားစေကြောင်းသိရသည်။ အခွန်ကောက်ခံသည့် စနစ်နှင့်ပတ်သက်၍ ကလေးဒေသမှချင်းပြည် နယ်နှင့်အီန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ကြားပြေးဆွဲနေသည့် လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးမှလည်း “က လေးနှင့်ရိဒ်ကြားတွင် စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်းဖြတ်သန်းခဲ့ရပြီးဂိတ်တိုင်းကို ပိုက်ဆံပေးရတယ်၊  အဖွဲ့  တွေကလည်းမနည်းဘူး၊   တစ်ချို့ဆို ဂိတ်တစ်ခုမှာအဖွဲ့ ၂ ဖွဲ့ထိုင်တာ ကားတစ်စီးကို ၂ သိန်းတောင်းတယ်၊ ၂ ဖွဲ့ဆိုတော့ ၄ သိန်းပေးရတယ်၊ အဖွဲ့များ လွန်းတော့အဆင်မပြေဘူး အားလုံးပေါင်းရင်တော့ စစ်ကောင်စီတုန်းက ပေးရတာထက်ပို များတာပေါ့ “ဟု ICA ကိုပြောသည်။

ချင်းပြည်နယ်တွင်လူဦးရေ ၅သိန်းကျော်ရှိသည့်အနက် ထက်ဝက်နီးပါးဖြစ်တဲ့ ၂ သိန်း ၅သောင်းခန့်သည်မိမိတို့နေရပ်မှာနေထိုင်ဖို့အဆင်မပြေဖြစ်လာသည့်အတွက် ပြည်တွင်း ပြည်ပကိုစစ်ဘေး ရှောင်နေကြရသည်ဟု ဇွန်လ ၃ ရက်နေ့ရက်စွဲဖြင့် ချင်းလူ့အခွင့်အရေ းအဖွဲ့(CHRO)ကထုတ်ပြန်ထားသည်။တစ်ချို့စစ်ဘေးရှောင်ဒုက္ခသည်များ သည်လူသားချင်း စာနာမှုဆိုင်ရာအကူအညီများအပြည့်အဝရရှိထားခြင်းမရှိသည့် အခြေ အနေများကြုံတွေ့နေရ သည်ဟုလည်းဆိုထားသည်။

နိုင်ငံရေးဆိုင်ရာသက်ရောက်မှုများ

တော်လှန်ရေး ၃ နှစ်ကျော်ကြာလာသည့်အချိန်တွင် ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်ရန်ကြွေးကျော်ထားပြီး ချင်းနိုင်ငံရေးကို ဦးစီးဦးဆောင်မှုပြုရန်ကြိုးစားသည့် နိုင်ငံရေးအဖွဲံ ၂ ဖွဲ့ပေါ်ပေါက်လာသည်။ ၂၀၂၁ ခုနှစ်၊ဧပြီလတွင် အစုအဖွဲ့ ၄ ဖွဲ့ (လွှတ်တော်၊ နိုင်ငံရေးပါတီ၊CDM/CSO၊လက်နက်ကိုင်)ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့်   ချင်းပြည်နယ် ကိုယ်စားပြုကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် ချင်းအမျိုးသား တပ်ဦး (CNF) ဦးဆောင်မှုဖြင့် ညီလာခံကျင်းပကာ ၂၀၂၃ ခုနှစ်ဒီဇင်ဘာ ၇ ရက်နေ့တွင် ဖွဲ့စည်းအတည်ပြုကြောင်း ထုတ်ပြန်ကြေညာထားသည့် ချင်းပြည်ကောင်စီ (CC) တို့ဖြစ်သည်။

ချင်းပြည်ကောင်စီညီလာခံတွင် ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၃ ဦး အပါအဝင်၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်များနှ့င် ပြည်တွင်းပြည်ပဧည့်သည်တော်များအပါအဝင် စုစုပေါင်း ၁၃၅ ဦး တက်ရောက်ကြောင်း ထုတ်ပြန်ထားသည်။ ICNCCတွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးပါဝင်ဖွဲံစည်းထားကြောင်းသိရသည်။တစ်ဖက်တွင် CNF နှင့်လွှတ်တော်ကိုယ်စားလှယ် တချို့မှဦးဆောင်သည့်ချင်းပြည်ကောင်စီညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီ သည့်အပြင်ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကိုကိုယ်စားပြုနိုင် မည်မဟုတ် သောကြောင့်ဟုဆိုကာ ချင်းညီနောင်အဖွဲ့(CB)ကို၂၀၂၃ခုနှစ်,ဒီဇင်ဘာ၃၀ရက်နေ့တွင် ဖွဲ့စည်း လိုက်သည်။ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊  ဇိုမီးဖယ်ဒရယ်အစည်းအရုံး(ZFU) ၊ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်း လဲန်းကာကွယ်ရေးတပ်(မတူပီ)တပ်မဟာ(၁)နှင့် မရာနယ်မြေအုပ်ချုပ် ရေး ကောင်စီ ( MTC) ဆိုသည့်အဖွဲ့  ၆ ဖွဲ့ပါ ဝင်သည်။

အထက်ပါအချက်အလက်များနှင့်အခြေအနေများအရတော်လှန်ရေးကာလ ၃ နှစ်ကျော်လာ သည့်အချိန်တွင်ချင်းဒေသတစ် ဝှမ်းစစ်ကောင်စီ၏အုပ်ချုပ်မှုအာဏာသက်ရောက်နိုင်သည့် ဒေသတဖြည်းဖြည်းကျဥ်းမြောင်းလာကာတော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးထိန်းချုပ်နိုင်သည့် ဒေသကျယ်ပြန့်လာ သည်မှာထင်ရှားလှပါသည်။ အခြားတဖက်တွင် များပြားလှသည့် ချင်း တော်လှန်ရေးတပ်ဖွဲ့များအောက်တွင်ချင်း ပြည်သူများ၏ဘဝမှာစည်းလုံးမှုကိုမျှော်ကိုးရင်း ခါးစည်း တောင့်ခံနေရဦးမည် ဖြစ်ပါသည်။

ပုံစာ- စစ်ကောင်စီမှမီးရှို့ဖျက်ဆီးထားသည့် တီးတိန်မြို့ မြင်ကွင်း (Photo- Zalen)