ချင်းရေးရာအဖွဲ့
ချင်းရေးရာအဖွဲ့သည် ပညာရေးဆိုင်ရာဝန်ဆောင်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ နှင့် သုတေသနဆိုင်ရာ လုပ်ငန်းစဥ်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန်အလို့ငှာ ရည်ရွယ်၍ဖွဲ့စည်းထားသော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ချင်းရေးရာအဖွဲ့သည် ၎င်း၏ ရည်မှန်းချက်၊ ပန်းတိုင် များနှင့် ကိုက်ညီသည့် အခြားသော လူမှုရေး သို့မဟုတ် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။