October 8, 2024, Comment off

နွေဦးတော်လှန်ရေး ၃နှစ်တာကာလအတွင်း ချင်းပြည်နယ်၏ တော်လှန်ရေးခရီး

Loyal Van

ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိချင်းလက်နက်ကိုင်အဖွဲ့ များ

 

၂၀၂၁ခုနှစ် စစ်ကောင်စီမှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် ချင်းလူမျိုးများနေထိုင်ရာ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင်သာမက ချင်းပြည်နယ်ပြင်ပ ချင်းလူမျိုး များနေထိုင်ရာ ဒေသများတွင်ပါ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှစ၍ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chin-land Defense Force-CDF)များ အလျှိုလျှိုပေါ် ‌ပေါက်လာခဲ့ကာ အာဏာရှင်စနစ် အမြစ်ပပျောက်ရေးနှင့် ဖယ်ဒရယ်ဒီမူဂရီစီပေါ်ပေါက်ရေးများအတွက် ခုခံတော်လှန်ရေး စတင်ခဲ့ကြသည်။ 

ဤသို့ဖြင့် ချင်းပြည်နယ်တွင် ရှိရင်းစွဲလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် CNA/CNFနှင့် ZRO/ZRA အပါအဝင် အခြားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့များ  ဖွဲ့စည်းပေါ်ပေါက်လာကြသည်။ သို့ရာတွင် ZRO/ZRA မှာ စစ်ကောင်စီနှင့် ပူးပေါင်းရပ်တည်နေကြောင်း လေ့လာသုံးသပ်သူများထံမှ သိရသည်။ ချင်းပြည်နယ်နှင့် ပြည်နယ်ပြင်ပရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ 

  1. Chin National Front / Chin National Army (CNF/CNA)
  2. Zomi Revolutionary Organisation/ Zomi Revolutionary Army (Eastern Command) (ZRO/ZRA)
  3. Chin National Organization /Chin National Defence Force (CNO/CNDF)
  4. Chinland Defense Force-Kalay-Ka Baw-Gangaw (CDF-KKG)
  5. Chin Defense Force Mindat (CDF-Mindat)
  6. Chin Defence Force Kanpetlet (CDF-Kanpetlet)
  7. Chinland Defense Force Matupi (CDF-Matupi)
  8. Chinland Defense Force Paletwa (CDF-Paletwa)
  9. Chinland Defense Force Hakha (CDF-Hakha)
  10. Chinland Defense Force Tonzang (CDF-Tonzang)
  11. Chinland Defense Force Thantlang (CDF-Thantlang)
  12. Zomi Federal Union/ People Defense Force {ZFU /PDF- Zoland (Tedim / Tonzang)}
  13. Chinland Defense Force Daai (CDF- Daai)
  14. Chinland Defense Force Mara (CDF- Mara)
  15. Chinland Defense Force Zophei (CDF- Zophei)
  16. Chinland Defense Force Zotung (CDF-Zotung)
  17. Chinland Defense Force Lautu (CDF-Lautu)
  18. Chinland Defense Force Hualngo (CDF-Hualngo)
  19. Chinland Defense Force- Civic Defense Militia (CDF-CDM “SIYIN”)
  20. Asho Chin Defence Force (ACDF)
  21. Chinland Defense Force Zanniat (CDF-Zanniat)
  22. Chinland Defense Force Senthang (CDF-Senthang)
  23. Maraland Territorial Council/Mara Defence Force (MTC-MDF)
  24. People Defence Army (PDA)
  25. Thado Defence Army (TDF)
  26. Chin Defense Force Asho (CDF Asho)

ချင်းနိုင်ငံရေးဆိုင်ရာသက်ရောက်မှုများ

နွေဦးတော်လှန်ရေးစတင်‌ခဲ့ပြီးနောက် ၂၀၂၁ခုနှစ်၊ ဧပြီလတွင် အစုအဖွဲ့၄ဖွဲ့ (လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM/CSO၊ လက်နက်ကိုင်အဖွဲ့အစည်း -CNF) ပေါင်းစပ်စုစည်းကာချင်းပြည်နယ်ကိုယ်စားပြု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Countil – ICNCC) စတင်ဖွဲ့စည်းခဲ့ပြီး ချင်းပြည်နယ်၏ နိုင်ငံရေးအလုံးစုံကို ဦးဆောင်ခဲ့သည်။ သို့ရာတွင် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုများကြောင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့တွင် ချင်းပြည်နယ်၏ နိုင်ငံရေးဦးဆောင်သည့်အစုအဖွဲ့ ၂ဖွဲ့ဖြစ်လာသည်။ ICNCC၏  ချင်းပြည်  နိုင်ငံရေးဦးဆောင်ရာ တွင် ထိရောက်သော လုပ်ဆောင်ချက်များ မပြုလုပ်နိုင်သောကြောင့်ဟု ဆိုကာ ချင်းအမျိုးသား တပ်ဦး (CNF) ဦးဆောင်မှုဖြင့် ညီလာခံတစ်ခု ကျင်းပကာ ချင်းပြည်ကောင်စီ (Chinland Council) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာချက်များ ပြူလုပ်ခဲ့သည်။ 

ချင်းပြည်ကောင်စီဖွဲ့စည်းခဲ့သည့် အဆိုပါညီလာခံတွင် ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၃ ဦး အပါအဝင်၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်များနှ့င် ပြည်တွင်းပြည်ပ ဧည့်သည်တော်များအပါအဝင် စုစုပေါင်း ၁၃၅ ဦး တက်ရောက်ကြောင်း သိရသည်။ CNF နှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့နှုတ်ထွက်သွားသည့် ICNCCတွင် လွှတ်တော်ကိုယ်စားလှယ် ၁၄ဦး ပါဝင်ကြောင်း သိရသည်။ ICNCC ကို ကျန်ရှိသော အစုအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဆက်လက်ခဲ့ရာ ယခင် လက်နက်ကိုင်အဖွဲ့အစည်း -CNF နေရာတွင် CNF၏ ဦးဆောင်မှုကို မလိုလားသော ချင်းညီနောင်အဖွဲ့ (CB) ကို အစားထိုးခဲ့သည်။

CNFနှင့် လွှတ်တော်ကိုယ်စားလှယ်တချို့မှ ဦးဆောင်သည့် ချင်းပြည်ကောင်စီညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြုနိုင်မည်မဟုတ်သောကြောင့် ဟုဆိုကာ ချင်းညီနောင်အဖွဲ့ (CB) ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)  ဇိုမီးဖယ်ဒရယ်အစည်းအရုံး (ZFU)စသည့် (၃)ဖွဲ့ပူး‌ပေါင်းကာ စတင်ဖွဲ့စည်းခဲ့ကြသည်။ နောက်ပိုင်းတွင်ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁)နှင့် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ( MTC) စသည့်အဖွဲ့  (၃) ဖွဲ့ထပ်မံပူး‌ပေါင်းခဲ့ကြသဖြင့် စုစုပေါင်း (၆)ဖွဲ့ဖြစ်လာသည်။ 

ထို့ကြောင့် ချင်းပြည်နယ်တွင် ICNCCနှင့် ချင်းညီနောင်အဖွဲ့ (CB) အစုအဖွဲ့များနှင့် CNF နှင့် ချင်းပြည်ကောင်စီ (Chin-land Council) အစုအဖွဲ့များဆိုသည့် အစုအဖွဲ့၂ခု၏ ပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေးအားပြိုင်မှုများ မကြာခဏ ပေါ်ပေါက်လာသည်။ 

ထိုသို့ နိုင်ငံရေး၊ စစ်ရေး အားပြိုင်မှု မြင့်မားလာခြင်းကြောင့် ချင်းပြည်နယ်အတွင်း စစ်ရေးအင်အားမှာလည်းတိုးတက်လာပြီး ပြည်နယ်အတွင်း မြို့နှင့် တပ်စခန်းများကို အပြိုင်အဆိုင် သိမ်းယူမှုများ အဆက်မပြတ်တွေ့မြင်လာရသည်။ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာ သည့်အချိန်တွင် ချင်းဒေသတစ်ဝှမ်း စစ်ကောင်စီ၏ အုပ်ချုပ်မှုအာဏာသက်ရောက်နိုင်သည့် ဒေသတဖြည်းဖြည်းကျဥ်းမြောင်းလာကာ တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးထိန်းချုပ်နိုင်သည့် ဒေသကျယ်ပြန့်လာသည်မှာ သိသာထင်ရှားလာသည်။ 

ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများ နေထိုင်သော ‌ဒေသအတွင်းရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားသော မြို့များနှင့် သိမ်းယူနိုင်ခဲ့သည့် ရက်စွဲများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ 

၁။ တမူးမြို့နယ်၊ Khampatမြို့  (၇ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်)

၂။ ဖလမ်းမြို့နယ်၊ Rinkhawdarမြို့ (၁၃ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်) 

၃။ မတူပီမြို့နယ်၊ Lailenpiမြို့ (၂၄ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်)

၄။ မတူပီခရိုင်၊ Rezua မြို့ (၂၉ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်) 

၅။ ဖလမ်းမြို့နယ်၊ Waibulaမြို့ (၃၀ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်)

၆။ ထန်တလန်မြို့နယ်၊ Hnaringမြို့ ( ၃၀ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်) 

၇။ ဟားခါးမြို့နယ်၊ Surkhuaမြို့  (၃၀ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်) 

၈။ မင်းတပ်မြို့နယ်၊ M’kuiimnuမြို့ (၃၀ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ခုနှစ်)

၉။ ပလက်ဝမြို့ (၁၄ရက်၊ ဇနဝါရီလ၊ ၂၀၂၄ခုနှစ်) 

၁၀။ ပလက်ဝမြို့နယ်၊ Sameeမြို့  (၁၆ရက်၊ ဇနဝါရီလ၊ ၂၀၂၄ခုနှစ်) 

၁၁။ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (၂၉ရက်၊ ဧပြီလ၊ ၂၀၂၄ခုနှစ်)

၁၂။ တွန်းဇံမြို့  (၂၃ရက်၊ မေလ၊ ၂၀၂၄ခုနှစ်)

၁၃။ တွန်းဇံမြို့နယ်၊ ကျီခါးမြို့  (၂၃ရက်၊ မေလ၊ ၂၀၂၄ခုနှစ်) 

၁၄။ မတူပီမြို့ (၂၉ရက်၊ ဇွန်လ၊ ၂၀၂၄ခုနှစ်) 

ချင်းပြည်နယ်အတွင်း ဒေသခံတော်လှတ်ရေးတပ်ဖွဲ့များမှ သိမ်းယူရရှိထားသော မြို့များ

အထက်ဖော်ပြပါကို ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်ပြင်ပရှိ တမူးမြို့နယ်၊ Khampatမြို့ နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့ ၁၃ မြို့ကို ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ သိမ်းယူနိုင်ခဲ့ပြီးဖြစ်သည်။ ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀မြို့ရှိသည့်အနက် ၁၃မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

သို့ရာတွင် ပလက်ဝမြို့နယ်ကို ရခိုင့်တပ်မတော်(AA)မှ သိမ်းယူထားခြင်းဖြစ်လေရာ ချင်းနိုင်ငံရေးခေါင်းဆောင်များနှင့် AA ခေါင်းဆောင်များအကြား ဆွေးနွေးသဘောတူညီမှုကို ပြန်လည်ရယူနိုင်ရန် လိုအပ်လျက်ရှိသည်။

ထို့အပြင် ချင်းပြည်အတွင်း နိုင်ငံရေးဦးဆောင်မည့်အဖွဲ့အစည်းအနေဖြင့် ICNCC နှင့် CC ဟူ၍ ၂ဖွဲ့ထွက်ပေါ်လာပြီး ချင်းပြည်သူများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ချင်းလူမှုအသိုက်အဝန်းများအကြား ဒိဟဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့တွင် Mizoram အခြေစိုက် Zo Reunification Organization (ZORO)၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ချင်းပြည်အစိုးရအဖွဲ့/ CNF နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ CB အဖွဲ့တို့ ဆုံဆွေးနွေးခဲ့ကြပြီး “ZORO ဦးဆောင်သော ဆွေးနွေးညှိနှိုင်းမှုများကို နှစ်ဖက်အဖွဲ့အစည်းမှ သဘောတူကြရာ နောက်နောင်တွင်လည်း အလျင်းသင့်သလို ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ကြရန် သဘောတူကြပြီး ငြိမ်းချမ်းရေးကော်မတီတရပ်ထားရှိရန်လည်း လိုလားကြကာ နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူကြသည်။” ဟူသောအချက်များ ပါဝင်သည့် အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိခဲ့ကြောင်း ZORO ကထုတ်ပြန်ပါတယ်။  

ZORO ၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့သော ICNCC နှင့် CC အကြား ဘုံသဘောတူညီချက် (၅)ချက်